

 

 


 

 


 

 

Source: Kyaw Soe Win’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဆွမ်းစားမကြွရတဲ့ ဆရာတော်ကြီးတွေအတွက် ဆွမ်းဆန်တော်များကို လှူဒါန်းပြီး ကုသိုလ်ယူခဲ့တဲ့ အကယ်ဒမီ ခန့်စည်သူ

မင်းသားကြီး ခန့်စည်သူက အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရုံသာမက အလှူအတန်းမှာလည်း ရက်ရက်ရောရော လှူဒါန်းတတ်လို့ နိုင်ငံတော်က ချီးမြှင့်တဲ့ သီဟသုဓမ္မမဏိဇောတဓရဘွဲ့ကိုလည်း ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ ခန့်စည်သူက အခုလို တစ်နိုင်ငံလုံး ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာလည်း အစစအရာရာ ထောင့်စေ့အောင်ကို လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ခန့်စည်သူက ဆွမ်းစားမကြွရတဲ့ ဆရာတော်ကြီးတွေအတွက် ဆွမ်းဆန်တော်များကို လှူဒါန်းခဲ့ပါတယ်။

ခန့်စည်သူက ကျေးဇူးရှင် ရွှေသုဝဏ် ဆရာတော်ဘုရားကြီးကျောင်းသို့ ဆွမ်းဆန်တော် ၁၀ အိတ်၊ စစ်ကိုင်းစာသင်တိုက် ပဓါန နာယကဆရာတော်ဘုရားကြီးကျောင်းသို့ ဆွမ်းဆန်တော် ၁၀ အိတ်၊ သင်္ဃန်းကျွန်းမြို့နယ် သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော် ၁၀ အိတ်၊ ဓမ္မဝိဟာရ ပထမကျော် စာသင်တိုက်နှင့်ဓမ္မရိပ်သာသို့ ဆွမ်းဆန်တော် -၁၀ အိတ်၊ စုစုပေါင်း ဆွမ်းဆန်တော် အိတ်(၄၀)ကို လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

ခန့်စည်သူကတော့ ဆရာတော်ကြီးတွေ ဆွမ်းရေးမပူပင်ရအောင် အစစအရာရာ ဖြည့်စည်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ မင်းသားကြီး ခန့်စည်သူတစ်ယောက် ဒီထက်မက လှူနိုင်တန်းနိုင်ပါစေလို့ Cele Connections မှ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Kyaw Soe Win’s fb
Bilie – Cele Connections

error: Alert: Content is protected !!