

 

 


 

 


 

Source : Phonemin Nay La
ယူနီကုတိဖြင့်ဖတ်ရန်

 

” Covid 9 ရောဂါကပ်ဆိုးကြီး ကင်းစင်သွားတဲ့နေ့မှာ ပထမဆုံးပြုလုပ်မယ့် အရာကို ကြိမ်းဝါးနေတဲ့ ဘုန်းမင်းနေလ ”

CeleConnections ပရိသတ်ကြီးရေ ဘုန်းမင်းနေလကတော့ ပရိသတ်တွေသိပြီးသားဖြစ်တဲ့ နိုင်ငံကျော်မင်းသမီးကြီး ခင်ဇာခြည်ကျော်ရဲ့ သားလေးဆိုတာ အထူးတလည်မိတ်ဆက်ဖို့မလိုတော့ပါဘူးနော်။ (၂၀၁၈) အကယ်ဒမီဆုပေးပွဲရဲ့ ရွှေကြိုတစ်ယောက်အဖြစ်ပါဝင်ခဲ့ပြီး အခုချိန်မှာတော့ အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေရသူပဲ ဖြစ်ပါတယ်။ဘုန်းမင်းနေလကတော့ အနုပညာအလုပ်တွေအပြင် ပညာရေးဘက်မှာလည်း ထူးချွန်တဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

အခုချိန်ကတော့ ကျောင်းအားလပ်ရပ်ဖြစ်တာကြောင့် မြန်မာနိုင်ငံကိုပြန်လာကာ အနုပညာအလုပ်တွေအပြင် မိသားစုတွေနဲ့ အချိန်ကုန်ဆုံးနေတာလို့ ဆိုရမှာပါ။ နှုတ်ခမ်းနီမလေးတွေအသည်းကျော် ဘုန်းမင်းနေလရဲ့ အချစ်ရေးကို ပရိသတ်တွေက အထူးစိတ်ဝင်စားနေကြတာဖြစ်ပေမယ့် ဘုန်းမင်းကတော့ အခုချိန်ထိ အလင်းပြခြင်းမရှိသေးပါဘူးနော်။

လက်ရှိမှာတော့ Covid 19 ကြောင့်အိမ်မှာပဲနေကာ အမေနဲ့ ညီမလေးတို့နဲ့အတူ ပျော်ရွှင်စရာတွေဖန်တီးကာ အချိန်တွေကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့အနေနဲ့ covid ကြီး ပြီးသွားရင် သူပြုလုပ်ချင်တဲ့အရာတွေကို “ကြည့်နေ ကိုဗစ် ပြီးရင် beach တွေလှိမ့်သွားပစ်မယ် “ဆိုတဲ့စာလေးနဲ့ ကြိမ်းဝါးထားတာပဲ ဖြစ်ပါတယ်။CeleConnections ပရိသတ်တွေထဲမှာရောCovid19ရောဂါကြီးပြီးသွားရင် ဘုန်းမင်းလိုBeach ကိုသွားချင်တဲ့သူတွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Phonemin Nay La
Candy –CeleConnections

error: Alert: Content is protected !!