ယူနီကုဒ်ဖြင့်ဖတ်ရန်
Covid – 19 ကပ်ရောဂါကျော်လွှားနေရတဲ့ ကာလအတွင်း သိန်း (၁၀၀၀) နီးပါးကို လှူဒါန်းပေးပြီးဖြစ်တဲ့ ခေတ်သစ်ဖောင်ဒေးရှင်း
အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဦးစီးတည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းက မူလကတော့ (၅)နှစ်အောက် နှလုံးအပေါက်ပါတဲ့ ကလေးငယ်တွေကို ခွဲစိတ်ကုသပေးတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလက်ရှိ တစ်နိုင်ငံလုံး ခံစားနေရတဲ့ Covid – 19 ကပ်ရောဂါကျော်လွှားနေရတဲ့ ကာလမှာတော့ ခေတ်သစ်ဖောင်ဒေးရှင်းက အနယ်နယ် အရပ်ရပ်က အလှူရှင်တွေနဲ့ ပူးပေါင်းပြီး ထောက်ပံ့လှူဒါန်းခြင်းတွေကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။
ခေတ်သစ်ဖောင်ဒေးရှင်းက ၂၈.၄.၂၀၂၀ ထိမှာတော့ COVID-19 ဗိုင်းရပ်စ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ၂၈.၄.၂၀၂၀ ထိ ကျပ်သိန်းပေါင်း (96,318,050) အား မြန်မာနိုင်ငံအနံ့ ဆေးရုံဆေးခန်းများနှင့် လိုအပ်နေသူများထံသို့ လှူဒါန်းပြီးစီးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ခေတ်သစ်ဖောင်ဒေးရှင်းကတော့ တစ်လကျော်အချိန်အတွင်းမှာ မြန်မာငွေ (၉၆၃)သိန်း ကျော် လှူဒါန်းနိုင်ခဲ့ပြီ ြဖ်စပါတယ်။ ပရိသတ်ကြီးလည်း ခေတ်သစ်ဖောင်ဒေးရှင်းနဲ့တကွ (၇) ရက်သားသမီး အလှူရှင်များရဲ့ ကောင်းမှုကို ဝမ်းမြောက်စွာ သာဓုခေါ်ပေးကြပါဦးနော်။
Source: ခေတ်သစ်ဖောင်ဒေးရှင်း’s fb
Bilie – Cele Connections
error: Alert: Content is protected !!