“ေတာင္ဒဂုံၿမိဳ႕နယ္က အိမ္ေျခ(၂၄၀၀) မွာ ေနထုိင္တဲ့ အေျခခံလူတန္းစားျပည္သူတုိ႔အတြက္ သြားေရာက္လႉဒါန္းဖုိ႔ ျပင္ဆင္ေနတယ္ဆုိတဲ့ ခုိင္ႏွင္းေဝ”

ပရဟိတလုပ္ငန္းေတြမွာပါ ကိုယ္တိုင္ပါဝင္ျပီးသြားေရာက္လွဴဒါန္းရင္း ပရိသတ္ေတြအသိမ်ားလာတဲ့ မင္းသမီးေခ်ာေလး ခိုင္ႏွင္းေဝနဲ႕ အထူးတလည္မိတ္ဆက္ေပးဖို႕မလိုေလာက္ဘူးထင္ပါတယ္။ ခိုင္နွင္းေဝကေတာ့ သရုပ္ေဆာင္ရာမွာလည္း ယခုခ်ိန္ထိကို ေအာင္ျမင္ေနတဲ့ မင္းသမီးတစ္လက္ဆိုလည္း မမွားေလာက္ပါဘူးေနာ္။ သူမရဲ႕ ဝါသနာပါရာ ပရဟိတလုပ္ငန္းကို ရခဲ့သမွ်အနုပညာေၾကးေတြထဲကေန ခိုင္နွင္းေဝ မိဘမဲ့ ရင္ေသြးငယ္ ေဖာင္ေဒးရွင္းတစ္ခုကို တည္ေထာင္ခဲ့တာပဲျဖစ္ပါတယ္။

 

 

ခိုင္နွင္းေဝကေတာ့ ကိုဗစ္ေရာဂါေတြျဖစ္ပြားေနတာေၾကာင့္ လိုအပ္ေနတဲ့ သူေတြကို သြားေရာက္လွဴဒါန္းခဲ့တဲ့ အမွတ္္တရပုံရိပ္ေလးေတြနဲ႕ သူမရဲ႕ မိဘမဲ့ေဂဟာေလးကိုလည္း လာေရာက္လွဴဒါန္းခဲ့တဲ့ အလွဴရွင္နာမည္ေလးေတြကို ေဖာ္ျပရင္း လူမႈကြန္ယက္စာမ်က္နွာေပၚမွာ တင္ေပးေလ့ရွိပါတယ္။ ဒီေန႕မွာေတာ့ ခိုင္နွင္းေဝက”မနက္ျဖန္ ေတာင္ဒဂံုၿမိဳ႕နယ္မွာရွိတဲ့ အေျခခံဆင္းရဲႏြမ္းပါးတဲ့ ျပည္သူမ်ားအား တစ္ရပ္ကြက္လွ်င္ အိမ္ေျခ( ၁၀၀ )ႏႈန္းျဖင့္ ရပ္ကြက္ေပါင္း (၂၄) ရပ္ကြက္ အိမ္ေျခ( ၂၄၀၀ )အား သြားေရာက္လႉဒါန္းဖို႔အတြက္ က်မတို႔အဖြဲ႕ေတြ ျပင္ဆင္ေနၾကပါၿပီရွင္ ၊မနက္ျဖန္ မနက္ပိုင္းမွာသြားေရာက္လႉဒါန္းမည္ျဖစ္လို႔ သတင္းလာေရာက္႐ိုက္ကူးလိုသည့္မီဒီယာမ်ားေမာင္ႏွမမ်ား အားလံုးကိုလည္း ဖိတ္ေခၚပါတယ္ရွင္ သတင္းလာေရာက္႐ိုက္ကူးမည့္မီဒီယာမ်ား ဆက္သြယ္ရန္ – 09798754954 ” လို႕ဆိုကာ သြားေရာက္လွဴဒါန္းဖို႕ ျပင္ဆင္ေနတဲ့ ပုံရိပ္ေလးေတြကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့တာပဲျဖစ္ပါတယ္။

 

 

CeleConnections ပရိသတ္ေတြအတြက္ ခိုင္နွင္းေဝကေတာ့ မနက္ဖန္ကို ေတာင္ဒဂုံရွိ အေျခခံဆင္းရဲႏြမ္းပါးတဲ့ ျပည္သူေတြကို သြားေရာက္လွဴဒါန္းေတာ့မယ့္ ပုံရိပ္ေလးေတြကို ျပန္လည္ျပီးမွ်ေဝေပးလိုက္ပါတယ္ေနာ္။ ကပ္ဆိုးေရာဂါေၾကာင့္ အိမ္ျပင္မထြက္ရလို႕ ေျပာေပမယ့္ တကယ့္လိုအပ္ေနတဲ့သူေတြကို သူမကေတာ့ မရရေအာင္ သြားေရာက္လွဴဒါန္းခ်င္တဲ့ ပရဟိတစိတ္ဓာတ္ေလးကို ခ်ီးက်ဴးဖို႕ေကာင္းတယ္ထင္ပါတယ္။
Soure…. Khine Hnin Wai’s Facebook
Angella(CeleConnections)
ယူနီကုဒ္ျဖင့္ဖတ္ရန္

“တောင်ဒဂုံမြို့နယ်က အိမ်ခြေ(၂၄၀၀) မှာ နေထိုင်တဲ့ အခြေခံလူတန်းစားပြည်သူတို့အတွက် သွားရောက်လှူဒါန်းဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ခိုင်နှင်းဝေ”

 

 

ပရဟိတလုပ်ငန်းတွေမှာပါ ကိုယ်တိုင်ပါဝင်ပြီးသွားရောက်လှူဒါန်းရင်း ပရိသတ်တွေအသိများလာတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ခိုင်နှင်းဝေကတော့ သရုပ်ဆောင်ရာမှာလည်း ယခုချိန်ထိကို အောင်မြင်နေတဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ ဝါသနာပါရာ ပရဟိတလုပ်ငန်းကို ရခဲ့သမျှအနုပညာကြေးတွေထဲကနေ ခိုင်နှင်းဝေ မိဘမဲ့ ရင်သွေးငယ် ဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။

 

ခိုင်နှင်းဝေကတော့ ကိုဗစ်ရောဂါတွေဖြစ်ပွားနေတာကြောင့် လိုအပ်နေတဲ့ သူတွေကို သွားရောက်လှူဒါန်းခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့ သူမရဲ့ မိဘမဲ့ဂေဟာလေးကိုလည်း လာရောက်လှူဒါန်းခဲ့တဲ့ အလှူရှင်နာမည်လေးတွေကို ဖော်ပြရင်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ခိုင်နှင်းဝေက”မနက်ဖြန် တောင်ဒဂုံမြို့နယ်မှာရှိတဲ့ အခြေခံဆင်းရဲနွမ်းပါးတဲ့ ပြည်သူများအား တစ်ရပ်ကွက်လျှင် အိမ်ခြေ( ၁၀၀ )နှုန်းဖြင့် ရပ်ကွက်ပေါင်း (၂၄) ရပ်ကွက် အိမ်ခြေ( ၂၄၀၀ )အား သွားရောက်လှူဒါန်းဖို့အတွက် ကျမတို့အဖွဲ့တွေ ပြင်ဆင်နေကြပါပြီရှင် ၊မနက်ဖြန် မနက်ပိုင်းမှာသွားရောက်လှူဒါန်းမည်ဖြစ်လို့ သတင်းလာရောက်ရိုက်ကူးလိုသည့်မီဒီယာများမောင်နှမများ အားလုံးကိုလည်း ဖိတ်ခေါ်ပါတယ်ရှင် သတင်းလာရောက်ရိုက်ကူးမည့်မီဒီယာများ ဆက်သွယ်ရန် – 09798754954 ” လို့ဆိုကာ သွားရောက်လှူဒါန်းဖို့ ပြင်ဆင်နေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

CeleConnections ပရိသတ်တွေအတွက် ခိုင်နှင်းဝေကတော့ မနက်ဖန်ကို တောင်ဒဂုံရှိ အခြေခံဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေကို သွားရောက်လှူဒါန်းတော့မယ့် ပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ကပ်ဆိုးရောဂါကြောင့် အိမ်ပြင်မထွက်ရလို့ ပြောပေမယ့် တကယ့်လိုအပ်နေတဲ့သူတွေကို သူမကတော့ မရရအောင် သွားရောက်လှူဒါန်းချင်တဲ့ ပရဟိတစိတ်ဓာတ်လေးကို ချီးကျူးဖို့ကောင်းတယ်ထင်ပါတယ်။
Soure…. Khine Hnin Wai’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!