

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

အပြင်းအထန် အားကစားလုပ်နေတဲ့ သင်ဇာဝင့်ကျော်ကို နောက်ကွယ်ကနေ အသံနဲ့ အားပေးနေတဲ့ အေးမြတ်သူ

သရုပ်ဆောင် အေးမြတ်သူနဲ့ သင်ဇာဝင့်ကျော်ကတော့ အသက်အရွယ် မတိမ်းမယိမ်းရှိကြပြီး အနုပညာလောကမှာ အတူတူ အောင်မြင်နေကြသူများ ဖြစ်ပါတယ်။ အေးမြတ်သူနဲ့ သင်ဇာဝင့်ကျော်တို့က အနုပညာလုပ်ငန်းတွေလည်း အတူတူလုပ်ကိုင်နေကြသလို အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းကောင်းတွေပဲ ဖြစ်ပါတယ်။ အလုပ်တွေအတူတူ မလုပ်ကြတော့ပေမယ့် အေးမြတ်သူနဲ့ သင်ဇာဝင့်ကျော်တို့ကတော့ အဆက်အသွယ်မပြတ် ရှိနေကြဆဲ ဖြစ်ပါတယ်။

အေးမြတ်သူနဲ့ သင်ဇာဝင့်ကျော်တို့က Gym တစ်ခုတည်းမှာ အတူတူ ဆော့ကြသူများဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ သင်ဇာဝင့်ကျော်က သူမနဲ့ အေးမြတ်သူရဲ့ အမှတ်တရလေးကို ပရိသတ်တွေဆီ ချပြလာပါတယ်။ အေးမြတ်သူက အပြင်းအထန် အားကစားလုပ်နေတဲ့ သင်ဇာဝင့်ကျော်ကို နောက်ကွယ်ကနေ အသံနဲ့ အားပေးနေတာကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

သင်ဇာဝင့်ကျော်ကတော့ အေးမြတ်သူရဲ့ အားပေးမှုကြောင့် တော်တော်လေး အားဖြစ်သွားမယ် ထင်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ မင်းသမီးနှစ်လက်ရဲ့ အမှတ်တရတွေကိုကြည့်ပြီး သဘောကျသွားမယ် ထင်ပါတယ်နော်။

Source: Thin Zar Wint Kyaw’s fb
Bilie – Cele Connections

error: Alert: Content is protected !!