

 


 

 


 

Source: Bhone Hlan’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

အပြင်လောကကြီးရဲ့ တန်ဖိုးကိုသိသွားပြီမို့ စိတ်သစ်၊လူသစ်နဲ့ အနုပညာလုပ်ငန်းတွေ ရိုးသားစွာလုပ်ကိုင်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ ဘုန်းလျှံ

အသားဖြူဖြူ၊ အရပ်ရှည်ရှည်နဲ့ နိုင်ငံခြားမင်းသားတစ်ယောက်လို ကြံ့ခိုင်သန်စွမ်းတဲ့ မင်းသားချော ဘုန်းလျှံကို မိန်းကလေးပရိသတ်တွေ တော်တော်များများ ကြိုက်နှစ်သက်အားပေးခဲ့ကြမယ် ထင်ပါတယ်။ ဘုန်းလျှံက (၂၀၁၃)ခုနှစ်မှာ စိတ်မကောင်းစွာနဲ့ အကျဉ်းကျခံခဲ့ရပြီး (၇)နှစ်ကြာပြီးနောက် အခုချိန်မှာတော့ အပြင်ဘဝကို ပြန်လည်ရောက်ရှိလို့ လာပြီပဲ ဖြစ်ပါတယ်။ ဘုန်းလျှံတစ်ယောက် ပြန်လည်လွတ်မြောက်လာချိန်မှာတော့ သူ့ရဲ့ ပရိသတ်တွေနဲ့တကွ အနုပညာအသိုင်းအဝိုင်းကပါ ဝမ်းသောနေကြတာပဲ ဖြစ်ပါတယ်။

ဘုန်းလျှံကတော့ သူ့ရဲ့အတိတ်ကအကြောင်းတွေကို နောက်တရစွာနဲ့ “အပြင်လောကကြီးရဲ့တန်ဖိုးကိုနားလည်သွားပါပြီ။ ခုကစပြီးစိတ်သစ်လူသစ်နဲ့အနုပညာအလုပ်ကိုရိုးရိုးသားလုပ်ကိုင်လျှောက်လှမ်းသွားမယ်။ Reborn Bhone Hlan” ဆိုပြီး သူ့ကိုယ်သူ အားပေးစကားလေး ပြောထားပါတယ်။

ဘုန်းလျှံကတော့ အရာအားလုံးကို မေ့ပြီး စိတ်သစ်၊ လူသစ်နဲ့ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားမယ်လို့ ပြောထားပါတယ်။ ပရိသတ်ကြီးကလည်း ဘုန်းလျှံတစ်ယောက် အလုပ်တွေပြန်လုပ်ရင် အရင်လိုပဲ အားပေးကြပါဦးနော်။

Source: Bhone Hlan’s fb
Bilie – Cele Connections

error: Alert: Content is protected !!