

 


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

“သူ့နာမည်ကို အလွဲသုံးစားလုပ်ခံနေရတယ်ဆိုတဲ့ အောင်လေး”

 

CeleConnections ပရိသတ်ကြီးတို့ရေ ရုပ်ရှင်သရုပ်ဆောင်မော်ဒယ်တစ်ဦးဖြစ်တဲ့ အောင်လေးကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်တစ်ဦးပဲဖြစ်ပါတယ်။ အောင်လေးကတော့ ဇာတ်ကားတွေထဲမှာလည်း ကျရာဇာတ်ရုပ်အတိုင်း ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသားဆိုလည်း မမှားလောက်ပါဘူး။သူ့ပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့် အောင်မြင်မှုကို ပိုမိုရရှိလာတာပါပဲနော်။

အောင်လေးကတော့ ကပ်ဆိုးရောဂါတွေကြောင့် အနုပညာအလုပ်ကို ခေတ္တရပ်နားထားပေမယ့် ပရိသတ်တွေ မမေ့သွားအောင် အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ အောင်လေးက ” ဟာစောစောစီးစီးဒိုးခပဲ .. အယုံလွယ်တဲ့ တောသူတောင်သားတွေရိုးသားတဲ့သူတွေကို အနုပညာရှင်ယောင်ဆောင်ပြီး ငွေချေးနေတာတွေဘေတောင်းနေတာတွေ ရပ်ပါတော့ဗျာ သူတို့ခမြာလည်းဘုမသိဘမသိသေချာမစုံစမ်းပဲစွတ်ယုံတာကလည်းတမှောက်.. သေချာစဉ်းစားကြည့်ပါဗျာ ဘယ်အနုပညာသမားမှပရိတ်သတ်ဆီကငွေမတောင်းငွေမချေးကြပါဘူး အနုပညာသမားစစ်ရင်ပြောပါတယ် …အကောင့်လည်းဒီတစ်ခုပဲရှိပါတယ်၊ဘယ်သူ့ဆီမှလည်း ငွေမချေးသလို ဘယ်သူ့ကိုမှလည်းမဖျက်စီးပါဘူးဗျာ” လို့ဆိုကာ သူနာမည်နဲ့ အလွဲသုံးစားလုပ်နေတဲ့အကြောင်းကို ပြန်လည်ပြီးရှင်းပြက ာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

CeleConnections ပရိသတ်တွေအတွက် အောင်လေးနာမည်နဲ့ အလွဲသုံးစားလုပ်နေတဲ့ပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ အောင်မြင်နေတဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့အတွက် ပရိသတ်တွေဆီ ငွေချေးယူတာက အောင်လေးကိုယ်တိုင်မဟုတ်ဘူးဆိုတာ သတိတော့ ထားစေချင်ပါတယ်။
Soure… Aung Lay’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!