” သူမရဲ႕အိမ္ေဘးက ပိေတာက္ပင္ႀကီး ပိေတာက္ပန္းေတြပြင့္ခ်ိန္ကို ေမွ်ာ္ေနတယ္ဆိုတဲ့ အိျႏၵာေက်ာ္ဇင္ “

CeleConnections ပရိသတ္ႀကီးေရ အူဝဲကေတာ့ အႏုပညာကေဝလို႔ေတာင္တင္စားရတဲ့မင္းသမီးတစ္လက္လို႔ ဆိုရမွာပါ။ ဝါရင့္သဘာရင့္ သ႐ုပ္ေဆာင္မင္းသမီးတစ္ဦးျဖစ္ၿပီး အႏုပညာမ်ိဳးဆက္သစ္ေတြကို လက္တြဲေခၚယူတတ္တဲ့ စီနီယာအႏုပညာရွင္ပီသတဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

 

 

ဒါ့အျပင္အူဝဲကေတာ့ ျမန္မာႏိုင္ငံရဲ႕ နာမည္ႀကီး ထိပ္တန္းမင္းသားတစ္ဦးျဖစ္တဲ့ မင္းသားေျပတီဦးလက္ထပ္ခဲ့ၿပီး ခ်စ္စရာေကာင္းတဲ့သားနဲ႔သမီးေလးကို ပိုင္ဆိုင္တားသူပါ..။အခုျဖစ္ပြားလ်က္ရွိတဲ့ Covid 19 နဲ႔ပတ္သက္ၿပီး လည္း ပညာေပးေတြအျပင္ လႉဒါန္းမႈေတြကိုလည္း ဆက္တိုက္လုပ္ေဆာင္ေနတဲ့အႏုပညာဇနီးေမာင္ႏွံပဲ ျဖစ္ပါတယ္။

 

 

အခုေနာက္ပိုင္းမွာ ႐ုပ္ရွင္ဇာတ္ကားေတြကို ေသခ်ာစီစစစ္ေ႐ြးခ်ယ္ၿပီး ႐ိုက္ကူးလာတဲ့ အူဝဲကေတာ့ လက္ရွိမွာအႏုပညာအလုပ္ရပ္နားၿပီး အိမ္မွာပဲ မိသားစုလိုက္ေနကာ အခိ်န္ကုန္ဆုံးေနတာပါပဲ ။ ” ဒီေန႔မွာေတာ့ သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာ My Day မွာ ” သူလာလာ မလာလာကိုယ္ကေစာင့္ရမွာ ပိေတာက္ခ်ိန္က ပိေတာက္ပါ ဝတၳရားမပ်က္ဖို႔ပါ ” ဆိုတဲ့စာေလးနဲ႔ သူမရဲ႕အိမ္ေဘးက ပိေတာက္ပင္ႀကီးကိုေငးေနတဲ့ပုံရိပ္ေလးကိုတင္လာခဲ့တာပါ။CeleConnectionsပရိသတ္ႀကီးလည္း အူဝဲလို ပိေတာက္ကိုေမွ်ာ္ေနတဲ့သူေတြရွိရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

 

 

Source : Eaindra KyawZin
Candy –CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” သူမရဲ့အိမ်ဘေးက ပိတောက်ပင်ကြီး ပိတောက်ပန်းတွေပွင့်ချိန်ကို မျှော်နေတယ်ဆိုတဲ့ အိန္ဒြာကျော်ဇင် ”

CeleConnections ပရိသတ်ကြီးရေ အူဝဲကတော့ အနုပညာကဝေလို့တောင်တင်စားရတဲ့မင်းသမီးတစ်လက်လို့ ဆိုရမှာပါ။ ဝါရင့်သဘာရင့် သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်ပြီး အနုပညာမျိုးဆက်သစ်တွေကို လက်တွဲခေါ်ယူတတ်တဲ့ စီနီယာအနုပညာရှင်ပီသတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင်အူဝဲကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ထိပ်တန်းမင်းသားတစ်ဦးဖြစ်တဲ့ မင်းသားပြေတီဦးလက်ထပ်ခဲ့ပြီး ချစ်စရာကောင်းတဲ့သားနဲ့သမီးလေးကို ပိုင်ဆိုင်တားသူပါ..။အခုဖြစ်ပွားလျက်ရှိတဲ့ Covid 19 နဲ့ပတ်သက်ပြီး လည်း ပညာပေးတွေအပြင် လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေတဲ့အနုပညာဇနီးမောင်နှံပဲ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေကို သေချာစီစစစ်ရွေးချယ်ပြီး ရိုက်ကူးလာတဲ့ အူဝဲကတော့ လက်ရှိမှာအနုပညာအလုပ်ရပ်နားပြီး အိမ်မှာပဲ မိသားစုလိုက်နေကာ အချိန်ကုန်ဆုံးနေတာပါပဲ ။ ” ဒီနေ့မှာတော့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ My Day မှာ ” သူလာလာ မလာလာကိုယ်ကစောင့်ရမှာ ပိတောက်ချိန်က ပိတောက်ပါ ဝတ္ထရားမပျက်ဖို့ပါ ” ဆိုတဲ့စာလေးနဲ့ သူမရဲ့အိမ်ဘေးက ပိတောက်ပင်ကြီးကိုငေးနေတဲ့ပုံရိပ်လေးကိုတင်လာခဲ့တာပါ။CeleConnectionsပရိသတ်ကြီးလည်း အူဝဲလို ပိတောက်ကိုမျှော်နေတဲ့သူတွေရှိရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Eaindra KyawZin
Candy –CeleConnections

 

error: Alert: Content is protected !!