

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

သူနာပြုမလေးအဖြစ်ကနေ ဗိုလ်မလေးတစ်ယောက်အသွင် ပြောင်းသွားပြန်တဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်း

MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ “ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲနဲ့ လူသိများလာခဲ့တဲ့ မင်းသမီးလေး နန်းစန္ဒာလှထွန်းက ကျရာဇာတ်ရုပ်အတိုင်း အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်ပါတယ်။ “အရိပ်”၊ “ငွေစက္ကူ (၇)ရွက်” ၊ “ကျွန်တော်အမုန်းဆုံးကျွန်တော်” ဇာတ်လမ်းတွဲတွေကလည်း သူမကို ပိုပြီး အောင်မြင်ကျော်ကြားစေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နန်းစန္ဒာလှထွန်းရဲ့ ဇာတ်လမ်းတွေနဲ့တကွ သူမရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား အားပေးကြတာပဲ ဖြစ်ပါတယ်။

နန်းစန္ဒာလှထွန်းက ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်နေတဲ့ “အရိပ်” ဇာတ်ကားထဲက သူနာပြုဆရာမလေး သက်သက်အဖြစ် နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ နန်းစန္ဒာလှထွန်းက “မင်းရဲ့ ချစ်သူ ဗိုလ်မလေး ” ဆိုပြီး သူမရဲ့ အမိုက်စား ဓာတ်ပုံတွေကို မျှဝေထားတာကို တွေ့ရပါတယ်။

နန်းစန္ဒာလှထွန်းကတော့ သူနာပြုမလေးပဲဖြစ်ဖြစ်၊ ဗိုလ်မလေးဖြစ်ဖြစ် ချစ်စရာကောင်းတယ်ဆိုတာကိုတော့ ဝန်ခံရမယ်နော်။ ပရိသတ်ကြီးလည်း နန်းစန္ဒာလှထွန်းရဲ့ အမိုက်စားပုံရိပ်တွေကို သဘောကျကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။

Source: Nann Sandar Hla Tun’s fb
Bilie – Cele Connections

error: Alert: Content is protected !!