သုႆန္မွာ ေန့စဥ္နဲ့အမွ် က်ကြဲေနရတဲ့ ေျမအိုးကြဲေလးေတြကိုၾကည့္ျပီး တရားရလာတဲ့အေၾကာင္းကို ေျပာလာတဲ့ ေက်ာ္သူ

နာေရးကူညီမႈအသင္း (ရန္ကုန္) ရဲ့ ဥကၠဌတစ္ေယာက္ျဖစ္သူ ေက်ာ္သူက ပရဟိတအလုပ္နဲ့ ပက္သတ္ျပီး ေန့ညမေရြး ေဆာင္ရြက္ေနတာပဲ ျဖစ္ပါတယ္။ ေက်ာ္သူက အခုလို Covid- 19 ကပ္ေရာဂါနဲ့ ၾကံဳေနရခ်ိန္မွာလည္း အိမ္မွာ ဇိမ္နဲ့မေနနိုင္ပဲ သူ့ရဲ့ နာေရးကူညီမႈအသင္းသားေတြနဲ့အတူတူ လူမႈကူညီေရးလုပ္ငန္းစဥ္မ်ားကို လုပ္ေဆာင္ေနရတာပဲ ျဖစ္ပါတယ္။ ေန့စဥ္နဲ့အမွ် နာေရးေတြနဲ့ ၾကံဳေတြ့ေနရတဲ့ ေက်ာ္သူက ဒီေန့မွာေတာ့ သံေဝဂတစ္ခုရလာေၾကာင္း ေျပာျပထားပါတယ္။

 

 

“ေအာ္…တစ္ေန႔တစ္ေန႔ နာရီ /မိနစ္ /စကၠန႔္တိုင္းမွာ တျဖဳတ္ျဖဳတ္ေႂကြက်ေနတဲ့ လူ႔အသက္မ်ား….။တခြပ္ခြပ္ ကြဲေၾကေနၾကတဲ့ ေျမအိုးေလးမ်ား။ေသရင္ေတာ့ ဘာမွ ယူမသြားႏိုင္ပါ။ ပါသြားမွာက ကုသိုလ္နဲ႔ အကုသိုလ္။ ဘာေၾကာင့္မ်ား ေနရာ၊အာဏာ၊စည္းစိမ္ေတြကို အလုအယက္ျဖစ္ေနၾကပါလိမ့္။ျဖဴစင္ေအးခ်မ္းတည္ၿငိမ္စြာျဖင့္ ကူညီေဖးမမႈလုပ္ေပးေနတာက အေကာင္းဆုံးပါ။ ကိုယ္ျပဳေသာ ကံ ပဲ့တင္သံ ကိုယ့္ထံျပန္လာမည္။ (ယေန႔ ေျမာက္ဥကၠလာပေဆး႐ုံမွာ နာေရးကူညီမႈသြားစဥ္ ျမင္ေတြ႕ခဲ့ရသည့္ ေျမအိုးကြဲေလးမ်ားမွ ေပးလိုက္သည့္ အေတြးတစ္စပါ။ )” ဆိုျပီး သံေဝဂရလာရွာပါတယ္။

 

 

ေက်ာ္သူေျပာသလိုပဲ ကိုယ္ျပဳေသာကံ ပဲ့တင္သံ ကိုယ့္ထံျပန္လာမည္ဆိုတဲ့စကားအတိုင္းပဲ အသက္ရွင္ေနစဥ္မွာ စိတ္ထားေကာင္းေကာင္းထားျပီး ေနာက္ဆံုးခရီးကို အဆင္သင့္ျဖစ္ေစဖို့ ျပင္ဆင္ထားသင့္ပါတယ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို Cele Connections မွ ေက်းဇူးအထူးတင္ရိွပါတယ္။

 

 

Source: Kyaw Thu’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သုဿန်မှာ နေ့စဉ်နဲ့အမျှ ကျကွဲနေရတဲ့ မြေအိုးကွဲလေးတွေကိုကြည့်ပြီး တရားရလာတဲ့အကြောင်းကို ပြောလာတဲ့ ကျော်သူ

နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဌတစ်ယောက်ဖြစ်သူ ကျော်သူက ပရဟိတအလုပ်နဲ့ ပက်သတ်ပြီး နေ့ညမရွေး ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ကျော်သူက အခုလို Covid- 19 ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာလည်း အိမ်မှာ ဇိမ်နဲ့မနေနိုင်ပဲ သူ့ရဲ့ နာရေးကူညီမှုအသင်းသားတွေနဲ့အတူတူ လူမှုကူညီရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်နေရတာပဲ ဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ နာရေးတွေနဲ့ ကြုံတွေ့နေရတဲ့ ကျော်သူက ဒီနေ့မှာတော့ သံဝေဂတစ်ခုရလာကြောင်း ပြောပြထားပါတယ်။

“အော်…တစ်နေ့တစ်နေ့ နာရီ /မိနစ် /စက္ကန့်တိုင်းမှာ တဖြုတ်ဖြုတ်ကြွေကျနေတဲ့ လူ့အသက်များ….။တခွပ်ခွပ် ကွဲကြေနေကြတဲ့ မြေအိုးလေးများ။သေရင်တော့ ဘာမှ ယူမသွားနိုင်ပါ။ ပါသွားမှာက ကုသိုလ်နဲ့ အကုသိုလ်။ ဘာကြောင့်များ နေရာ၊အာဏာ၊စည်းစိမ်တွေကို အလုအယက်ဖြစ်နေကြပါလိမ့်။ဖြူစင်အေးချမ်းတည်ငြိမ်စွာဖြင့် ကူညီဖေးမမှုလုပ်ပေးနေတာက အကောင်းဆုံးပါ။ ကိုယ်ပြုသော ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်။ (ယနေ့ မြောက်ဥက္ကလာပဆေးရုံမှာ နာရေးကူညီမှုသွားစဉ် မြင်တွေ့ခဲ့ရသည့် မြေအိုးကွဲလေးများမှ ပေးလိုက်သည့် အတွေးတစ်စပါ။ )” ဆိုပြီး သံဝေဂရလာရှာပါတယ်။

ကျော်သူပြောသလိုပဲ ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဆိုတဲ့စကားအတိုင်းပဲ အသက်ရှင်နေစဉ်မှာ စိတ်ထားကောင်းကောင်းထားပြီး နောက်ဆုံးခရီးကို အဆင်သင့်ဖြစ်စေဖို့ ပြင်ဆင်ထားသင့်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို Cele Connections မှ ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Kyaw Thu’s fb
Bilie – Cele Connections

error: Alert: Content is protected !!