လြန္ခဲ့တဲ့ (၁၄)ႏွစ္ သူကိုယ္တိုင္အိမ္ေျခရာမဲ့တစ္ေယာက္ျဖစ္စဥ္က ႀကဳံေတြ႕ခဲ့ရတဲ့ ျဖစ္ရပ္မွန္ေလးတစ္ခုကို ခ်ျပလာတဲ့ Sinon Loresca

အခုလက္ရွိ ျမန္မာႏိုင္ငံမွာ အႏုပညာလုပ္ငန္းေတြကိုလုပ္ကိုင္ရင္း ပရဟိတလုပ္ငန္းေတြ လုပ္ေဆာင္ေနတဲ့ Sinon ကို အားလုံးသိၿပီးသား ျဖစ္မွာပါ။ Sinon က အခုဆိုရင္ ကမာၻကသိတဲ့ ဆယ္လီတစ္ေယာက္ျဖစ္ေနၿပီဆိုေပမယ့္ သူ႔ရဲ႕ငယ္ဘဝကေတာ့ မေခ်ာေမြ႕ခဲ့ပါဘူး။ Sinon က သူငယ္စဥ္က Gay တစ္ေယာက္ျဖစ္ေနတာေၾကာင့္ မိဘေတြရဲ႕ ပစ္ပယ္မႈကိုခံခဲ့ရၿပီး လမ္းေပၚမွာ အိမ္ေျခရာမဲ့တစ္ေယာက္အျဖစ္ (၁၈)လေလာက္ ေနထိုင္ခဲ့ရတာပဲ ျဖစ္ပါတယ္။

 

 

အိမ္ေျခရာမဲ့တစ္ေယာက္ျဖစ္ခဲ့ဖူးတဲ့ Sinon က ဒီကေန႔မွာေတာ့ သူငယ္စဥ္က ႀကဳံေတြ႕ခဲ့ရဖူးတဲ့ အျဖစ္အပ်က္ေလးတစ္ခုကို ဗီဒီယိုေလး႐ိုက္ၿပီး ပရိသတ္ေတြဆီမွ်ေဝထားပါတယ္။ Sinon က “လြန္ခဲ့တဲ့ 14ႏွစ္က က်ေတာ္ေတြ႕ႀကဳံခဲ့ရတဲ့ ျဖစ္ရပ္မွန္ေလးတစ္ခုပါ။ က်ေတာ္ အဲ့မွာ သိခဲ့ရတာက လူအခ်င္းခ်င္းအၿမဲတမ္းၾကင္နာပါ တစ္ခါတစ္ရံမွာ ကမာၻႀကီးက မင္းကိုမၾကင္နာေတာင္မွေပါ့။ တစ္ျခားသူေတြက မင္းကိုမၾကင္နာရင္ေတာင္မွေပါ့။ အၿမဲတမ္း လူတစ္ဖက္သားကို ၾကင္နာပါ။” ဆိုျပီး ေတာင္းဆိုေပးထားပါတယ္။

 

 

အိမ္ေျခရာမဲ့ေတြက ဘဝေသေနျပီးသားေတာင္ လူသားခ်င္းမစာနာတဲ့သူတစ္ခ်ိဳ့ေၾကာင့္ စိတ္ဓာတ္ေတြပါ ေသဆံုးသြားခဲ့ရတဲ့ အျဖစ္မ်ိဳးပါရိွပါတယ္။ ပရိသတ္ၾကီးလည္း ကိုယ့္ထက္ခ်ိဳ့တဲ့တဲ့သူကို တတ္နိုင္သေလာက္ ကူညီရင္း ကမၻာၾကီးကို အလွဆင္ရေအာင္ေနာ္။

 

 

Source: Sinon Loresca’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လွန်ခဲ့တဲ့ (၁၄)နှစ် သူကိုယ်တိုင်အိမ်ခြေရာမဲ့တစ်ယောက်ဖြစ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်လေးတစ်ခုကို ချပြလာတဲ့ Sinon Loresca

အခုလက်ရှိ မြန်မာနိုင်ငံမှာ အနုပညာလုပ်ငန်းတွေကိုလုပ်ကိုင်ရင်း ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ Sinon ကို အားလုံးသိပြီးသား ဖြစ်မှာပါ။ Sinon က အခုဆိုရင် ကမ္ဘာကသိတဲ့ ဆယ်လီတစ်ယောက်ဖြစ်နေပြီဆိုပေမယ့် သူ့ရဲ့ငယ်ဘဝကတော့ မချောမွေ့ခဲ့ပါဘူး။ Sinon က သူငယ်စဉ်က Gay တစ်ယောက်ဖြစ်နေတာကြောင့် မိဘတွေရဲ့ ပစ်ပယ်မှုကိုခံခဲ့ရပြီး လမ်းပေါ်မှာ အိမ်ခြေရာမဲ့တစ်ယောက်အဖြစ် (၁၈)လလောက် နေထိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။

အိမ်ခြေရာမဲ့တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ Sinon က ဒီကနေ့မှာတော့ သူငယ်စဉ်က ကြုံတွေ့ခဲ့ရဖူးတဲ့ အဖြစ်အပျက်လေးတစ်ခုကို ဗီဒီယိုလေးရိုက်ပြီး ပရိသတ်တွေဆီမျှဝေထားပါတယ်။ Sinon က “လွန်ခဲ့တဲ့ 14နှစ်က ကျတော်တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်လေးတစ်ခုပါ။ ကျတော် အဲ့မှာ သိခဲ့ရတာက လူအချင်းချင်းအမြဲတမ်းကြင်နာပါ တစ်ခါတစ်ရံမှာ ကမ္ဘာကြီးက မင်းကိုမကြင်နာတောင်မှပေါ့။ တစ်ခြားသူတွေက မင်းကိုမကြင်နာရင်တောင်မှပေါ့။ အမြဲတမ်း လူတစ်ဖက်သားကို ကြင်နာပါ။” ဆိုပြီး တောင်းဆိုပေးထားပါတယ်။

အိမ်ခြေရာမဲ့တွေက ဘဝသေနေပြီးသားတောင် လူသားချင်းမစာနာတဲ့သူတစ်ချို့ကြောင့် စိတ်ဓာတ်တွေပါ သေဆုံးသွားခဲ့ရတဲ့ အဖြစ်မျိုးပါရှိပါတယ်။ ပရိသတ်ကြီးလည်း ကိုယ့်ထက်ချို့တဲ့တဲ့သူကို တတ်နိုင်သလောက် ကူညီရင်း ကမ္ဘာကြီးကို အလှဆင်ရအောင်နော်။

Source: Sinon Loresca’s fb
Bilie – Cele Connections

error: Alert: Content is protected !!