“ရန္ကုန္အေရွ႕ပိုင္းေဆးရံုႀကီး နဲ႕ အေနာက္ပိုင္ေဆးရံုႀကီးေတြမွာ အသံုးျပဳရန္အတြက္ Mask မ်ားနဲ႕ PPE ဝတ္စံုေတြကို လွဴဒါန္းခဲ့တဲ့ မိစႏီၵ”

ကိုယ္တိုင္ေရး ကုိယ္တိုင္သီဆိုကာ အမိုက္စားသီခ်င္းေတြနဲ႕ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ရရွိေနတဲ့ အဆိုေတာ္မေလး မိစႏၵီကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ ရက္ပင္ေတြကို ရြတ္ရတာ နွစ္သက္ၿပီး အမိုက္စား ရက္ပင္စာသားေတြကိုလည္း ေရးသားနိုင္တဲ့ အဆိုေတာ္မေလးပဲျဖစ္ပါတယ္.။ မိစႏီၵရဲ႕ ပစ္တိုင္းေထာင္နဲ႕ ေဈးဗန္းခင္းမယ္ သီခ်င္းေတြဟာ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ထိပ္ဆံုးကေန အမ်ားဆံုးရရွိခဲ့တဲ့ သီခ်င္းေတြပါ.။

 

 

 

မိစႏီၵဟာ သူမရဲ႕ ကိုယ္တိုင္သီခ်င္းေလးေတြဟာ အေခြတစ္ေခြထုတ္တိုင္း နာမည္ႀကီးကာ နာမည္ေျပာင္ေလးေတြေပးခံရတဲ့အထိ ပရိသတ္ေတြရဲ႕ အႀကိဳက္နဲ႕ ထပ္တူၾကခဲ့တာမ်ားပါတယ္.။ မိစႏီၵဟာ စာသားအမိုက္စားေလးေတြကို ေရးသားတတ္သူပီပီ ခံစားခ်က္ေတြကို အျမဲတမ္း လန္းဆန္းတက္ၾကြေနေအာင္ လုပ္ကာ ေပ်ာ္ရႊင္စြာ ေနထိုင္တတ္သူပဲျဖစ္ပါတယ္.။ေပ်ာ္ရႊင္ေပါ့ပါးတက္ၾကြကာ စိတ္ထားေကာင္းတဲ့ မိစႏီၵေလးက သူမရဲ႕ လိုအပ္ေနတဲ့ ေနရာအတြက္ တတ္နိုင္သေလာက္ လွဴဒါန္းခဲ့တဲ့ အလွဴေလးေတြအေၾကာင္းကို “PPE အစံု (၂၀) နဲ႕ Surgical Mask (၄၀၀)ကို ျပည္သူ႕ေဆးရံုႀကီး ရန္ကုန္အေနာက္ပိုင္း ေဆးကုသေဆာင္မွာ အသံုးျပဳရန္အတြက္ မိစႏီၵမင္းဥာဏ္နွင့္ သူငယ္ခ်င္းမ်ားမွ လွဴဒါန္းခဲ့လို႕ ရရွိခဲ့တဲ့ ဂုဏ္ျပဳမွတ္တမ္းလႊာကို သူမရဲ႕ မိုင္ေဒးမွာ တင္လာခဲ့တာပဲျဖစ္ပါတယ္.။

 

 

 

မိစႏီၵက ရန္ကုန္အေရွ႕ပိုင္း ျပည္သူ႕ေဆးရံုးႀကီး ရဲ႕ ေဆးကုသေဆာင္မွာ အသံုးျပဳဖို႕ရန္အတြက္ PPE set (10)sets + PPE cover all (10) suits+ Mask (300) pcs ကိုလည္း လွဴဒါန္းခဲ့ပါေသးတယ္.။ မိစႏီၵကေတာ့ ကို္ယ္တိုင္လည္း လွဴဒါန္းမႈေတြကို ျပဳလုပ္ခဲ့ၿပီး သူငယ္ခ်င္းမ်ားနဲ႕လည္း အတူတူ ကုသုိလ္ယူကာ လွဴဒါန္းခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး.။ Cele Connections ပရိသတ္ႀကီးလည္း မိစႏီၵရဲ႕ အလွဴအတြက္ သာဓု ေခၚဆိုသြားၾကပါဦးေနာ္.။
Source: Mi Sandi Min Nyan’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး နဲ့ အနောက်ပိုင်ဆေးရုံကြီးတွေမှာ အသုံးပြုရန်အတွက် Mask များနဲ့ PPE ဝတ်စုံတွေကို လှူဒါန်းခဲ့တဲ့ မိစန္ဒီ”

ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုကာ အမိုက်စားသီချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေတဲ့ အဆိုတော်မလေး မိစန္ဒီကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ရက်ပင်တွေကို ရွတ်ရတာ နှစ်သက်ပြီး အမိုက်စား ရက်ပင်စာသားတွေကိုလည်း ရေးသားနိုင်တဲ့ အဆိုတော်မလေးပဲဖြစ်ပါတယ်.။ မိစန္ဒီရဲ့ ပစ်တိုင်းထောင်နဲ့ ဈေးဗန်းခင်းမယ် သီချင်းတွေဟာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ထိပ်ဆုံးကနေ အများဆုံးရရှိခဲ့တဲ့ သီချင်းတွေပါ.။

မိစန္ဒီဟာ သူမရဲ့ ကိုယ်တိုင်သီချင်းလေးတွေဟာ အခွေတစ်ခွေထုတ်တိုင်း နာမည်ကြီးကာ နာမည်ပြောင်လေးတွေပေးခံရတဲ့အထိ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကြခဲ့တာများပါတယ်.။ မိစန္ဒီဟာ စာသားအမိုက်စားလေးတွေကို ရေးသားတတ်သူပီပီ ခံစားချက်တွေကို အမြဲတမ်း လန်းဆန်းတက်ကြွနေအောင် လုပ်ကာ ပျော်ရွှင်စွာ နေထိုင်တတ်သူပဲဖြစ်ပါတယ်.။ပျော်ရွှင်ပေါ့ပါးတက်ကြွကာ စိတ်ထားကောင်းတဲ့ မိစန္ဒီလေးက သူမရဲ့ လိုအပ်နေတဲ့ နေရာအတွက် တတ်နိုင်သလောက် လှူဒါန်းခဲ့တဲ့ အလှူလေးတွေအကြောင်းကို “PPE အစုံ (၂၀) နဲ့ Surgical Mask (၄၀၀)ကို ပြည်သူ့ဆေးရုံကြီး ရန်ကုန်အနောက်ပိုင်း ဆေးကုသဆောင်မှာ အသုံးပြုရန်အတွက် မိစန္ဒီမင်းဉာဏ်နှင့် သူငယ်ချင်းများမှ လှူဒါန်းခဲ့လို့ ရရှိခဲ့တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကို သူမရဲ့ မိုင်ဒေးမှာ တင်လာခဲ့တာပဲဖြစ်ပါတယ်.။

မိစန္ဒီက ရန်ကုန်အရှေ့ပိုင်း ပြည်သူ့ဆေးရုံးကြီး ရဲ့ ဆေးကုသဆောင်မှာ အသုံးပြုဖို့ရန်အတွက် PPE set (10)sets + PPE cover all (10) suits+ Mask (300) pcs ကိုလည်း လှူဒါန်းခဲ့ပါသေးတယ်.။ မိစန္ဒီကတော့ ကိုယ်တိုင်လည်း လှူဒါန်းမှုတွေကို ပြုလုပ်ခဲ့ပြီး သူငယ်ချင်းများနဲ့လည်း အတူတူ ကုသိုလ်ယူကာ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးလည်း မိစန္ဒီရဲ့ အလှူအတွက် သာဓု ခေါ်ဆိုသွားကြပါဦးနော်.။
Source: Mi Sandi Min Nyan’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!