

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

ပထမဆုံးအကြိမ် လက်စွမ်းပြထားတဲ့ အီကြာကွေးကို သမီးလေးတွေ ကြိုက်ကြလို့ ဝမ်းသာနေတဲ့ စမိုင်းလ်

မင်းသမီးချောလေး စမိုင်းလ်ကတော့ လက်ရှိမှာ အနုပညာလုပ်ငန်းတွေထက် ကုသိုလ်ရေးနဲ့ သူမရဲ့ မိသားစုကိစ္စတွေကိုသာ ပိုမို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်က လက်ရှိ Covid- 19 ကာလမှာ အခက်အခဲဖြစ်နေတဲ့နေရာတွေကို ကူညီထောက်ပံ့ခြင်းတွေလည်း မပြတ်လုပ်ကိုင်နေသလို မိသားစုလေးကိုလည်း အချိန်ပေးနေတာပဲ ဖြစ်ပါတယ်။ မိသားစုအတွက် ဟင်းတွေချက်ပြီး လက်စွမ်းပြနေတဲ့ စမိုင်းလ်က ဒီတစ်ခေါက်မှာလည်း သူမရဲ့ အီကြာကွေးကြော်အကြောင်းကို ပြောပြထားပါတယ်။

“ကျမတို့ရဲ့ စားကြမယ် ဝကြမယ်အစီအစဉ်ရဲ့ အပိုင်း ၁၀၅ အီကြာကွေးလုပ်တဲ့အစီအစဉ် အောင်မြင်စွာပြီးဆုံးကြောင်းကြေငြာအပ်ပါသည်။ နောက်အပိုင်းများအားဆက်လက်စောင့်မျှော်ရှုစားကြပါနော်” ဆိုပြီး သူမရဲ့ လက်ရာ အီကြာကွေးလေးကို မျှဝေထားတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်ရဲ့ လက်ရာကို သမီးတွေကလည်း အားပေးကြတော့ စမိုင်းလ်ခမျာ တော်တော်လေး ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ မလုပ်တတ်တာ ဘာမှကို မရှိတဲ့ အိမ်ရှင်မကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ စမိုင်းလ်တစ်ယောက် နောက်ရက်တွေမှာလည်း ဘာမုန့်တွေ လုပ်စားဖြစ်မလဲဆိုတာကို ပရိသတ်ကြီးက စောင့်ကြည့်ပေးကြဦးနော်။

Source: စမိုင်းလ် Smile’s fb
Bilie – Cele Connections

error: Alert: Content is protected !!