

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ဒါရိုက်တာကိုပေါက်ရဲ့ ဟာသTik Tokလေးတွေအပေါ် သူမရဲ့ အမြင်လေးတွေကို ပြောပြလာတဲ့ ဖွေးဖွေး”

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဖွေးဖွေးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ဖွေးစိန်လေးက ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်ကာ ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်.။ အကယ်ဒမီထူးချွန်ဆု (၃)ဆု ပိုင်ရှင်ဖြစ်ပေမယ့် နှိမ့်ချကာ သူမရဲ့ အနုပညာအရည်အချင်းတွေကို ပိုတိုးအောင် ကြိုးစာသရုပ်ဆောင်ပြီး အနုပညာကို ရူးသွပ်ခုံမင်သူတစ်ဦးလို့ ဆိုရင် မှားမယ် မထင်ပါဘူးနော်.။

ဖွေးလေးက သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှုများနဲ့ အနုပညာပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။ ဒီနေ့ ဧပြီလ (၂၉)ရက်နေ့မှာတော့ ဒါရိုက်တာကိုပေါက်ရဲ့ အိမ်မှာနေရင်း အပျော်တမ်း ဆော့ထားတဲ့ Tik Tok ဟာသဗီဒီယိုလေးတွေကို ကြည့်ကာ သဘောကျမိတဲ့ အကြောင်းလေးကို “ကိုပေါက် ရယ် ..Thanks for spreading Happiness” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

လတ်တလောမှာ ကိုပေါက်ရဲ့ Tik Tok ဗီဒီယိုလေးတွေဟာ ပရိသတ်တွေတင်သာမကပဲ အနုပညာရှင်တွေရဲ့ သဘောကျ အားပေးမှုတွေကို ရရှိနေပြီး ရေပန်းစားနေတယ်လို့ ပြောရမယ် ထင်ပါတယ်နော်.။ ဖွေးလေးကတော့ သူမအတွက် ကိုပေါက်ရဲ့ ဗီဒီယိုလေးတွေက ပျော်ရပြီး အပျော်လေးတွေကို မျှဝေပေးတဲ့ ကိုပေါက်ကို ကျေးဇူးတင်မိတဲ့အကြောင်းလေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးထဲမှာရော ဖွေးစိန်လေးလို ကိုပေါက်ရဲ့ Tik Tok ဗီဒီယိုလေးတွေကို သဘောကျတဲ့ သူတွေရှိရင်လည်း မှတ်ချက်လေးတွေ  ရေးသွားခဲ့ပါဦးနော်..။
Source: Phway Phway’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!