

 

 


 

 


 

Source: May Kabyar’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဆယ်နှစ်တာလက်တွဲခဲ့တဲ့ ချစ်သူနဲ့ လက်ထပ်တော့မယ့်အကြောင်းကို Pre Wedding ပုံလေးတွေနဲ့တကွ အသိပေးလိုက်တဲ့ မေကဗျာ

ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်လို အမြဲတမ်းလှပနုပျိုနေတဲ့ မင်းသမီးချောလေး မေကဗျာက အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်မှု ရရှိနေတသူတစ်ယောက်ပါပဲ။ မေကဗျာက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့ပြီး “နှင်းဆီအငြိမ့်သဘင်” ကြီးရဲ့ ပင်တိုင်စံ အကမင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။ ညိုချောလေး မေကဗျာကတော့ သူမချစ်တဲ့ ပရိသတ်တွေအတွက် အနုပညာလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ မေကဗျာက ပရိသတ်တွေ အံ့သြလောက်စေမယ့် သူမရဲ့ Pre Wedding ဓာတ်ပုံလှလှလေးတွေကို ချပြလာပါတယ်။ မေကဗျာရဲ့ ချစ်သူကတော့ ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်တဲ့ မင်းသား အောင်အောင်ဖြိုးဖြစ်ပြီး မေကဗျာနဲ့ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ညီလွန်းသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

မေကဗျာကတော့ Pre Wedding ဓာတ်ပုံလှလှလေးတွေကို ချပြနေပြီမို့ ဘယ်အချိန်မှာ မင်္ဂလာသတင်းကြားရမလဲ ရင်ခုန်စရာပါပဲနော်။ မေကဗျာတို့ ချစ်သူနှစ်ဦး သာယာပျော်ရွှင်တဲ့ ဘဝလေးကို အတူတူတည်ဆောက်နိုင်ကြပါစေလို့ မှ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: May Kabyar’s fb
Bilie – Cele Connections

error: Alert: Content is protected !!