ယူနီကုဒ်ဖြင့်ဖတ်ရန်
စိတ်ကောင်းရှိပြီး အမြဲတမ်း ပါးစပ်ပြဲပြဲလေးနဲ့ ပြုံးနေတတ်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ထွန်းထွန်းနဲ့ အမှတ်တရတွေကို ပြောလာတဲ့ ညီညီမောင် (စမ်းချောင်း)
မိတ်ကပ် ညီညီမောင် (စမ်းချောင်း)ကတော့ အနုပညာအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ယောက်ဖြစ်ပြီး အနုပညာရှင်တွေ တော်တော်များများနဲ့ အမှတ်တရတွေ မျိုးစုံရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ညီညီမောင်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ထွန်းထွန်းနဲ့ ကြုံဆုံခဲ့ရတဲ့ ဘဝတစ်ကွေ့က အမှတ်တရတွေကို အခုလိုပဲ ပြောပြလာပါတယ်။
“Examplez အဖွဲ့ဆိုတာကလဲ အဲခေတ်အခါမိန်းကလေးတွေရဲ့ အသည်းစွဲ။ သူတို့ အခွေ VCD ထွက်ရင် အမလေး လမ်းထိပ်ကဆိုင်မှာထွက်တဲ့နေ့ ကြည့်ဖို့စာရင်းပေးထားရတာ။ ဆိုင်ဆိုလို့ အခွေဌားဆိုင်မဟုတ်ဖူးနော်။ ခိုးကူးရောင်းတဲ့ဆိုင် မူရင်းခွေမဝယ်နိုင်ဘူးဈေးကြီးတယ်လေ။ ရှိုးပွဲတွေကျတော့လည်းသွားမကြည့်နိုင်ပါဘူး။ လက်မှတ်ရရင်တောင် အဝတ်စားမရှိလို မသွားရဲပါဘူး။ သူငယ်ချင်းတွေကတော့သွားကြတာပေါ့။ ကိုယ်တွေနဲ့ ကိုကိုထွန်းထွန်းအများဆုံးတွေဖြစ်တာကတော့ မင်္ဂလာပွဲတွေမှာ အရံလုပ်တဲ့ အခါတွေရယ် Wedding Dinner ရယ် ရူတင်တွေမှာဆုံဖြစ်ပါတယ်။”
“ဟန်ဆောင်မှု ကင်းတယ်လူငယ်ဆန်ဆန်ပျော်တက်တဲ့ ကိုကိုထွန်းထွန်းကသဘောလည်းကောင်းပါတယ်။ ကျမတင်ထားတဲ့ photo တွေကြည့်သိနိုင်ပါတယ်။ ပရိတ်သတ် တစ်ယောက် ကြိုက်သလို photo ရိုက်ပြုံးနေတာပါပဲ။ ကျမကလဲဟော့ရှော့လေ။ ကိုကိုထွန်းထွန်းနောက်ပိုင်းရုပ်ရှင်တွေရိုက် တော့ရူတင်တွေမှာဆုံဖြစ်ပါတယ်။ သးချင်းဆိုတာလဲတော်သလို သရုပ်ဆောင်ပိုင်းမှာလဲကြိုးစားတော့ အချိန်တိုအတွင်း ရုပ်ရှင်နယ်ပယ်မှာကြယ်ပွင့်တပွင့်ဖြစ်လာတာပေါ့ရှင်။”
“ကိုယ်တွေက ပွဲမှာတွေလိုသွားပြီးphotရိုက်ရင် ကောင်မလေးတွေက နှာခေါင်းရှုံ့ကြတာပေါ့နော်။ ချစ်တယ်လေဆိုတာမှာ ပရိတ်သတ်တယောက်က အနုပညာရှင် ကိုချစ်သလိုမျိးပါ။ အလုပ်ခွင်မှာ ပြင်ဆင်ပေးလိုခင်မင်မှူကသက်သက် ပရိတ်သတ်တယောက်လို ခင်မင်မှု နဲ့ ချစ်တာပါရှင်။ ကိုကို ထွန်းထွန်းကို သူအဖေရော၊ အမေရောက တအားချစ်တာ။ အန်တီမီးဆိုရူတင်တိုင်းအမြဲပါသားနောက်က ထပ်ချပ်မကွာ အန်ကယ်ကတော့ ကားမောင်းပိုပေးတာပေါ။ ကိုကိုထွန်းထွန်းကိုစိတ်ကောင်းရှိပြီးပါစပ်ပြဲပြဲလေးနဲ့ပြုံးတက်တဲ့ ကိုကိုထွန်းထွန်း နဲ့ ဆုံတိုင်း မိတ်ဆွေတွေလို ခင်သလို ပရိတ်သတ်တယောက်လိုလဲအားပေးချစ်တုန်းပါပဲရှင်။” ဆိုပြီး ပြောထားပါတယ်။
ညီညီမောင်ကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ထွန်းထွန်းရဲ့ အမာခံပရိသတ်တစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း ဒီပို့စ်လေးကိုဖတ်ပြီး ထွန်းထွန်းတို့ Examplez အဖွဲ့ရဲ့ သီချင်းလေးတွေကို ပြန်လည်သတိရအောက်မေ့သွားကြမယ် ထင်ပါတယ်။
Source: Nyi Nyi Maung’s fb
Bilie – Cele Connections
error: Alert: Content is protected !!