“ကိုဗစ္နဲ႕ ပတ္သက္ျပီး သူမကိုယ္တိုင္သီဆိုထားတဲ့ ပညာေပးသီခ်င္းေလးတစ္ပုဒ္ထြက္လာေတာ့မယ္္ဆိုတဲ့ မိစႏီၵ”

ပရိသတ္ေတြကို အမိုက္စားသီခ်င္းေလးေတြနဲ႔ ကိုယ္တိုင္ေရးစပ္ကာ ကိုယ္တိုင္သီဆိုေလ့ရွိတဲ့ နာမည္ေက်ာ္အဆိုေတာ္တစ္ဦးျဖစ္တဲ့ မိစႏၵီနဲ႔ အထူးတလည္ မိတ္ဆက္ေပးဖို႔မလိုေလာက္ဘူးထင္ပါတယ္။ မိစႏၵီရဲ႕ သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ “ေဈးဗန္းခင္းမယ္” သီခ်င္းကေတာ့ ပရိသတ္ေတြၾကားမွာ ေအာင္ျမင္ေနတဲ့ သီခ်င္းတစ္ပုဒ္ဆိုလည္း မမွားေလာက္ပါဘူးေနာ္။ သူမရဲ႕ ထြက္သမွ်သီခ်င္းတိုင္းဟာဆိုရင္ ပရိသတ္ေတြရဲ႕ ရင္ထဲထိကိုစြဲကာ ေအာင္ျမင္ဝန္းရံလာတဲ့ သီခ်င္းေတြပဲျဖစ္ပါတယ္။

 

ကပ္ဆိုးေရာဂါေတြျဖစ္ပြားေနတာေၾကာင့္ သီခ်င္းအသစ္ေတြကို ထြက္ရွိလာႏိုင္ေအာင္လည္း ႀကိဳးစားေနလ်က္ရွိပါတယ္။ မီစႏၵီကေတာ့ “ခု COVID-19 ကာလမွာ မိစႏၵီတို႔လို အိမ္မွာ ေနထိုင္ႏိုင္ၾကတဲ့ သူေတြရွိသလိုအိမ္မွာမေနရဘဲ မျဖစ္မေန အိမ္အျပင္ထြက္ၿပီး တာ၀န္ထမ္းေဆာင္ေနရတဲ့ ျပည္သူေတြ ၀န္ထမ္းေတြ အားလုံးအတြက္ COVID-19 ေရာဂါမကူးစက္မျပန္႔ပြါးရန္ ေဆာင္ရန္၊ ေရွာင္‌ရန္ေလးေတြကို ဒီသီခ်င္းေလးမွာ ေရးစပ္ေဖာ္က်ဴးသီဆိုထားပါတယ္။ ဒီသီခ်င္း‌ကို ဉီးေ႐ႊေဂ်ာ္‌ေဂ်ာ္က ေရးၿပီးကိုခ်မ္းေအး၀င္းက တီးခတ္ေပးကာ မိစႏၵီက သီဆို‌ေပးထား‌ပါတယ္။ ဒီသီခ်င္းေလးဟာ မၾကာခင္မွာ ထြက္ရွိလာမွာျဖစ္ၿပီး ထြက္ရွိလာတဲ့ အခါ ‌ဒီသီခ်င္းေလးက ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္‌ေလးေတြအတိုင္း လိုက္နာ၊ ေဆာင္႐ြက္ ေပးျခင္းျဖင့္ ဒီေရာဂါဆိုးႀကီးကို အတူတူရင္ဆိုင္ ေက်ာ္လႊားၾကရေအာင္ေနာ္။ အားလုံးကို အရမ္းခ်စ္တယ္။ က်န္းမာေရးကို အထူးဂ႐ုစိုက္ၾကပါလို႔” ဆိုကာ ကုိဗစ္နဲ႕ ပတ္သက္တဲ့ သီခ်င္းတစ္ပုဒ္ထြက္လာနိုင္ဖို႕အတြက္ကို လူမႈကြန္ယက္စာမ်က္နွာေပၚမွာ တင္လာခဲ့တာပဲျဖစ္ပါတယ္။

 

CeleConnections ပရိသတ္ေတြအတြက္ မိစႏီၵရဲ႕ သီခ်င္းအသစ္မၾကာခင္မွ ထြက္ေတာ့မယ့္အေၾကာင္းကို ျပန္လည္ျပီးမွ်ေဝေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ႀကီးကလည္း သီခ်င္းအသစ္ေလးကို အားေပးၾကမယ္လို႕လည္း ထင္ပါတယ္။
Soure…. Mi Sandi ‘s Facebook
Angella(CeleConnections)
ယူနီကုဒ္ျဖင့္ဖတ္ရန္

“ကိုဗစ်နဲ့ ပတ်သက်ပြီး သူမကိုယ်တိုင်သီဆိုထားတဲ့ ပညာပေးသီချင်းလေးတစ်ပုဒ်ထွက်လာတော့မယ်ဆိုတဲ့ မိစန္ဒီ”

 

ပရိသတ်တွေကို အမိုက်စားသီချင်းလေးတွေနဲ့ ကိုယ်တိုင်ရေးစပ်ကာ ကိုယ်တိုင်သီဆိုလေ့ရှိတဲ့ နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ မိစန္ဒီနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ မိစန္ဒီရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ဈေးဗန်းခင်းမယ်” သီချင်းကတော့ ပရိသတ်တွေကြားမှာ အောင်မြင်နေတဲ့ သီချင်းတစ်ပုဒ်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ ထွက်သမျှသီချင်းတိုင်းဟာဆိုရင် ပရိသတ်တွေရဲ့ ရင်ထဲထိကိုစွဲကာ အောင်မြင်ဝန်းရံလာတဲ့ သီချင်းတွေပဲဖြစ်ပါတယ်။

ကပ်ဆိုးရောဂါတွေဖြစ်ပွားနေတာကြောင့် သီချင်းအသစ်တွေကို ထွက်ရှိလာနိုင်အောင်လည်း ကြိုးစားနေလျက်ရှိပါတယ်။ မီစန္ဒီကတော့ “ခု COVID-19 ကာလမှာ မိစန္ဒီတို့လို အိမ်မှာ
နေထိုင်နိုင်ကြတဲ့ သူတွေရှိသလိုအိမ်မှာမနေရဘဲ မဖြစ်မနေ အိမ်အပြင်ထွက်ပြီး တာဝန်ထမ်းဆောင်နေရတဲ့ ပြည်သူတွေ ဝန်ထမ်းတွေ အားလုံးအတွက် COVID-19 ရောဂါမကူးစက်မပြန့်ပွါးရန် ဆောင်ရန်၊ ရှောင်‌ရန်လေးတွေကို ဒီသီချင်းလေးမှာ ရေးစပ်ဖော်ကျူးသီဆိုထားပါတယ်။ ဒီသီချင်း‌ကို ဉီးရွှေဂျော်‌ဂျော်က ရေးပြီးကိုချမ်းအေးဝင်းက တီးခတ်ပေးကာ မိစန္ဒီက သီဆို‌ပေးထား‌ပါတယ်။ ဒီသီချင်းလေးဟာ မကြာခင်မှာ ထွက်ရှိလာမှာဖြစ်ပြီး ထွက်ရှိလာတဲ့ အခါ ‌ဒီသီချင်းလေးက ဆောင်ရန်၊ ရှောင်ရန် အချက်‌လေးတွေအတိုင်း လိုက်နာ၊ ဆောင်ရွက် ပေးခြင်းဖြင့် ဒီရောဂါဆိုးကြီးကို အတူတူရင်ဆိုင် ကျော်လွှားကြရအောင်နော်။ အားလုံးကို အရမ်းချစ်တယ်။ ကျန်းမာရေးကို အထူးဂရုစိုက်ကြပါလို့” ဆိုကာ ကိုဗစ်နဲ့ ပတ်သက်တဲ့ သီချင်းတစ်ပုဒ်ထွက်လာနိုင်ဖို့အတွက်ကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

CeleConnections ပရိသတ်တွေအတွက် မိစန္ဒီရဲ့ သီချင်းအသစ်မကြာခင်မှ ထွက်တော့မယ့်အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း သီချင်းအသစ်လေးကို အားပေးကြမယ်လို့လည်း ထင်ပါတယ်။
Soure…. Mi Sandi ‘s Facebook
Angella(CeleConnections)

error: Alert: Content is protected !!