ယူနီကုဒ်ဖြင့် ဖတ်ရန်
“(၉)လအရွယ်လေးနဲ့ မလိုက်အောင် ဉာဏ်ကောင်းကာ မေမေသင်ပေးသမျှကို လိုက်မှတ်နိုင်တဲ့ ပိုးအိအိခန့်သားလေး သဲကိုးလေးရဲ့ ဗီဒီယိုဖိုင်”
သရုပ်ဆောင် အဆိုတော် ပိုးအိအိခန့်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ပိုးအိကတော့ ချစ်သူ လက်ရွေးစင်ဘောလုံးသမား အောင်သူနဲ့ လက်ထပ်ပြီး ချစ်စရာကောင်းတဲ့ သားလေးသဲကိုးလေးနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်.။ ပိုးအိအိခန့်ကတော့ သူမရဲ့ တစ်ဦးတည်းသောသားလေးကို ချစ်လွန်းတဲ့ မိခင်တစ်ယောက်ဆိုတာ ပရိသတ်ကြီးလည်း သိပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။
သူမရဲ့လသားအရွယ် သားလေးသဲကိုးရဲ့ ပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သားလေးကို ချစ်တဲ့ ပရိသတ်တွေအတွက် မျှဝေတင်ပေးလေ့ရှိသူပါ။ ချစ်ဖို့ကောင်းလွန်းတဲ့ သဲကိုးလေးကလည်း တစ်နေ့တစ်ခြား ချစ်ဖို့ကောင်းလာပြီး တတ်လွန်းလာလို့ ပရိသတ်တွေရဲ့ အချစ်တော် လေးတောင်ဖြစ်လို့နေပါပြီနော်.။ဒီနေ့ဧပြီလ (၂၈)ရက်နေ့မှာတော့ ပိုးအိအိခန့်က သူမရဲ့ကိုးလသားအရွယ် သားလေးအတွက် သိဖို့လိုတဲ့ သင်ကြားမှုလေးတွေကို ပြုလုပ်ပေးနေတဲ့ ဗီဒီယိုလေးကို “Brain Test Time ..9monthsplus” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
သဲကိုးလေးကလည်း မေမေပိုးအိအိခန့် သင်ပေးသမျှကို လိုက်မှတ်နိုင်ပြီး မှန်အောင် ပြန်ရွေးနိုင်တဲ့ ဉာဏ်ကောင်းတဲ့ ကလေးလေးတစ်ယောက်ပါပဲနော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးအတွက်လည်း မေမေရွေးခိုင်းသမျှ မှန်အောင်ရွေးနိုင်တဲ့ သားလေး သဲကိုးလေးရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်.။
Source: Poe Ei Ei Khant’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!