ေမေမညႇပ္ေပးတဲ့ ဆံပင္ပုံစံအသစ္ေလးနဲ့ လုပ္ခ်င္တာေတြလုပ္လိုက္ရလို့ စိတ္ခ်မ္းသာသြားျပီဆိုတဲ့ အိျႏၵာေက်ာ္ဇင္

မင္းသမီးေခ်ာေလး အိျႏၵာေက်ာ္ဇင္က အနုပညာလုပ္ငန္းေတြမွာ ေအာင္ျမင္မႈေတြရရိွေနရံုသာမက “သုျဒာ” ရုပ္ရွင္ထုတ္လုပ္ေရး၊ “The Bridge ” ျမန္မာျပည္ကိုယ္စားလွယ္နဲ့ “ေျပတီဦးေဖာင္ေဒးရွင္း” စတဲ့ အလုပ္ေတြမ်ားစြာကိုလည္း ဦးစီးလုပ္ကိုင္ေနရတာပဲ ျဖစ္ပါတယ္။ အိျႏၵာေက်ာ္ဇင္က လက္ရိွမွာေတာ့ က်န္းမာေရးအေျခအေနေတြေၾကာင့္ သူမရဲ့ အလုပ္ေတြအားလုံးကို ရပ္နားထားရျပီး အိမ္မွာပဲ မိသားစုေတြနဲ့ အခ်ိန္ကုန္ဆံုးေနတာ ျဖစ္ပါတယ္။

 

 

ဒီေန့မွာေတာ့ အိျႏၵာေက်ာ္ဇင္က “အြဲ တို႔ကေတာ့ stayhome ကာလ အိမ္မွာေနၿပီး လုပ္ခ်င္တာေတြလုပ္ ျဖစ္ခ်င္တာေတြျဖစ္ အဓိက စိတ္ခ်မ္းသာဖို႔လိုတယ္ေနာ့္.။” ဆိုျပီး သူမရဲ့ ေရွ့ဆံပင္ကို သူမ ေမေမကို ညွပ္ခုိင္းခဲ့တာကို ေတြ့ရပါတယ္။

 

 

အိျႏၵာေက်ာ္ဇင္က လုပ္ခ်င္တာေတြ လုပ္လိုက္ရလို့ ေတာ္ေတာ္ၾကီး စိတ္ခ်မ္းသာေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးေရာ အိျႏၵာေက်ာ္ဇင္တစ္ေယာက္ ေမေမညွပ္ေပးတဲ့ ဆံပင္ပံုစံအသစ္ေလးနဲ့ လွေနရဲ့လား ေျပာခဲ့ၾကပါဦးေနာ္။

 

 

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မေမေညှပ်ပေးတဲ့ ဆံပင်ပုံစံအသစ်လေးနဲ့ လုပ်ချင်တာတွေလုပ်လိုက်ရလို့ စိတ်ချမ်းသာသွားပြီဆိုတဲ့ အိန္ဒြာကျော်ဇင်

မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က အနုပညာလုပ်ငန်းတွေမှာ အောင်မြင်မှုတွေရရှိနေရုံသာမက “သုဒြာ” ရုပ်ရှင်ထုတ်လုပ်ရေး၊ “The Bridge ” မြန်မာပြည်ကိုယ်စားလှယ်နဲ့ “ပြေတီဦးဖောင်ဒေးရှင်း” စတဲ့ အလုပ်တွေများစွာကိုလည်း ဦးစီးလုပ်ကိုင်နေရတာပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေတွေကြောင့် သူမရဲ့ အလုပ်တွေအားလုံးကို ရပ်နားထားရပြီး အိမ်မှာပဲ မိသားစုတွေနဲ့ အချိန်ကုန်ဆုံးနေတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ အိန္ဒြာကျော်ဇင်က “အွဲ တို့ကတော့ stayhome ကာလ အိမ်မှာနေပြီး လုပ်ချင်တာတွေလုပ် ဖြစ်ချင်တာတွေဖြစ် အဓိက စိတ်ချမ်းသာဖို့လိုတယ်နော့်.။” ဆိုပြီး သူမရဲ့ ရှေ့ဆံပင်ကို သူမ မေမေကို ညှပ်ခိုင်းခဲ့တာကို တွေ့ရပါတယ်။

အိန္ဒြာကျော်ဇင်က လုပ်ချင်တာတွေ လုပ်လိုက်ရလို့ တော်တော်ကြီး စိတ်ချမ်းသာနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော အိန္ဒြာကျော်ဇင်တစ်ယောက် မေမေညှပ်ပေးတဲ့ ဆံပင်ပုံစံအသစ်လေးနဲ့ လှနေရဲ့လား ပြောခဲ့ကြပါဦးနော်။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections

error: Alert: Content is protected !!