ယူနီကုဒ်ဖြင့် ဖတ်ရန်
“အသက်(၁၈)နှစ်ပြည့်သွားပြီဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် ရှိန်းတင်ထူး”
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် တက်သစ်စ မင်းသားချောလေး ရှိန်းတင်ထူးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။အသက်ငယ်ငယ်လေးနဲ့ အားပေးတဲ့ အမာခံပရိသတ်တွေကို ရရှိနေပြီး အနုပညာလမ်းကြောင်းမှာ အကောင်းဆုံးတွေကို ချပြနိုင်ဖို့ ကြိုးစားသင်ယူနေတဲ့သူပဲဖြစ်ပါတယ်.။နာမည်ကြီးတဲ့ “သူစိမ်းအိမ်”ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး လက်ရှိမှာ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးနေတဲ့ “Yangon In Love ရန်ကုန်နှင့် အချစ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတဲ့သူပါ.။
ရှိန်းတင်ထူးဟာ သူ့ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေနဲ့ အပျော်တမ်း ဆော့ထားတဲ့ Tik Tok ဗီဒီယိုအမိုက်စားလေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။ ဒီနေ့ဧပြီလ (၂၈)ရက်နေ့မှာတော့ ရှိန်းတင်ထူးက သူ့ရဲ့ အသက် (၁၈)နှစ်ပြည့် မွေးနေ့ အမှတ်တရအနေနဲ့ ငယ်ငယ်က ပုံရိပ်လေးတွေကို “18+ nor Happy birthday to me …..”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
ရှိန်းတင်ထူးကတော့ ဒီနေ့ ဧပြီလ (၂၈)ရက်နေ့မှာပဲ အသက် (၁၈)နှစ်ကို ရောက်ရှိခဲ့ပြီး အောင်မြင်တဲ့ အနုပညာရှင် ကြယ်ပွင့်ဖြစ်ဖို့ကြိုးစားနေတဲ့ တက်သစ်စ ကြယ်ပွင့်လေး တစ်ပွင့်ပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးလည်း ဒီနေ့မှာပဲ အသက် (၁၈)နှစ်ပြည့်သွားတဲ့ ရှိန်းတင်ထူးလေးအတွက် မွေးနေ့ ဆုတောင်းစကားလေး  ပြောပေးသွားပါဦးနော်.။
Source: Shinetin Htoo’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!