

 

 


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

” အရိပ်ဇာတ်လမ်းတွဲထဲက မိသက်လေးထက် ပိုချစ်ပေးပါလို့ တောင်းဆိုလိုက်တဲ့ နန်းစန္ဒာလှထွန်း”

 

MRTV-4ရဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ ” ငွေစက္ကူ(၇)ရွက်” ဇာတ်ကားထဲတွင် သရဖီအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါဘူး။ နန်းစန္ဒာလှထွန်းကတော့ ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် ရုပ်ရည်ချောမောတာကြောင့် ပုရိသပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိလာတာပဲဖြစ်ပါတယ်။

အိမ်မှာနေရင်း အမိုက်စားကပ်ပရှင်းလေးတွေရေးကာ အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေအလွမ်းပြေကြည့်စေဖို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ နန်းစန္ဒာလှထွန်းက” အသက်ကို အသက်လောက်ချစ်ပါ” လို့ဆိုကာ သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေက သူမကို အသက်လောက်ချစ်ပါလို့ ရင်ဖွင့်ကာ တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် နန်းစန္ဒာလှထွန်းရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ပြီး မျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကကော နန်းစန္ဒာလှထွန်းကို အသက်လောက်ချစ်ကြမယ်လို့ ထင်ပါတယ်။
Soure… Nan Sandar Hla Htun’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!