“သူမ်ားနဲ႕မတူ ထူးထူးျခားျခား ကကြက္ေတြနဲ႕ ကျပထားတဲ့ မူးလာရဲ႕ဗီဒီယုိဖိုင္”

ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈေတြကို ရရိွေနတဲ့ ေစာခရစ္မူးလာကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ နာမည္ႀကီး သီခ်င္းဆိုၿပိဳင္ပြဲအစီအစဥ္တစ္ခုျဖစ္တဲ့ Myanmar Idol Season(4)မွာ Top (5)ထိ ပါဝင္ခဲ့ၿပီး သူ႕မွာ ရွိတဲ့ အေကာင္းဆံုး အနုပညာအရည္အခ်င္းေတြကို ခ်ျပကာ ယွဥ္ၿပိဳင္ခဲ့သူပဲျဖစ္ပါတယ္.။ ၿပိဳင္ပြဲဝင္ေနစဥ္မွာတည္းက အားေပးတဲ့ ပရိသတ္ေတြအေျမာက္အျမားရရွိခဲ့ၿပီး ၿပိဳင္ပဲြၿပီးသြားတဲ့ေနာက္မွာလည္း ပြဲေတြကို ဆက္တိုက္ေဖ်ာ္ေျဖေနရတာပါ.။

 

 

 

အျမဲတမ္းတက္ၾကြ ေပ်ာ္ရႊင္စြာ ေနတတ္တဲ့ မူးလာကေတာ့ ၿပိဳင္ပြဲဝင္စဥ္မွာတည္းက ၿပိဳင္ပြဲဝင္တိုင္းနဲ႕ တည့္ၿပီး ခ်စ္ခင္မႈေတြကို ရရွိကာ ဟာသဥာဏ္ၾကြယ္သူတစ္ဦးလို႕ ေျပာရင္မွားမယ္ မထင္ပါဘူး.။ လက္ရွိ အိမ္မွာပဲ Stay Home ေနေနရတဲ့ အခ်ိန္မွာလည္း ပရိသတ္ေတြကို ျပံဳးေပ်ာ္ေစမယ့္ Tik Tok ဗီဒီယုိေလးေတြကို ဖန္တီးကာ သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္ေလ့ရွိသူပါ.။ ဧၿပီလ (၂၇)ရက္ေန႕မွာေတာ့ မူးလာက Tik Tok ဗီဒီယုိအသစ္ေလးကို “ေတာ္ေတာ္ႀကိဳးစားကလိုက္ရတယ္”ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္.။

 

 

လက္ရွိေခတ္စားေနတဲ့ Tik Tok သီခ်င္းေလးကို သူမ်ားနဲ႕မတူ တဲ့ ကကြက္ေလးနဲ႕ ကျပထားတာပဲျဖစ္ပါတယ္ေနာ္ …ပရိသတ္ႀကီး.။ Cele Connections ပရိသတ္ႀကီးအတြက္လည္း မူးလာရဲ႕ အမိုက္စား Tik Tok ဗီဒီယုိဖိုင္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္.။
Source: Saw Chris MooLer’s facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“သူများနဲ့မတူ ထူးထူးခြားခြား ကကွက်တွေနဲ့ ကပြထားတဲ့ မူးလာရဲ့ဗီဒီယိုဖိုင်”

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတဲ့ စောခရစ်မူးလာကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ နာမည်ကြီး သီချင်းဆိုပြိုင်ပွဲအစီအစဉ်တစ်ခုဖြစ်တဲ့ Myanmar Idol Season(4)မှာ Top (5)ထိ ပါဝင်ခဲ့ပြီး သူ့မှာ ရှိတဲ့ အကောင်းဆုံး အနုပညာအရည်အချင်းတွေကို ချပြကာ ယှဉ်ပြိုင်ခဲ့သူပဲဖြစ်ပါတယ်.။ ပြိုင်ပွဲဝင်နေစဉ်မှာတည်းက အားပေးတဲ့ ပရိသတ်တွေအမြောက်အမြားရရှိခဲ့ပြီး ပြိုင်ပွဲပြီးသွားတဲ့နောက်မှာလည်း ပွဲတွေကို ဆက်တိုက်ဖျော်ဖြေနေရတာပါ.။

အမြဲတမ်းတက်ကြွ ပျော်ရွှင်စွာ နေတတ်တဲ့ မူးလာကတော့ ပြိုင်ပွဲဝင်စဉ်မှာတည်းက ပြိုင်ပွဲဝင်တိုင်းနဲ့ တည့်ပြီး ချစ်ခင်မှုတွေကို ရရှိကာ ဟာသဉာဏ်ကြွယ်သူတစ်ဦးလို့ ပြောရင်မှားမယ် မထင်ပါဘူး.။ လက်ရှိ အိမ်မှာပဲ Stay Home နေနေရတဲ့ အချိန်မှာလည်း ပရိသတ်တွေကို ပြုံးပျော်စေမယ့် Tik Tok ဗီဒီယိုလေးတွေကို ဖန်တီးကာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။ ဧပြီလ (၂၇)ရက်နေ့မှာတော့ မူးလာက Tik Tok ဗီဒီယိုအသစ်လေးကို “တော်တော်ကြိုးစားကလိုက်ရတယ်”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

လက်ရှိခေတ်စားနေတဲ့ Tik Tok သီချင်းလေးကို သူများနဲ့မတူ တဲ့ ကကွက်လေးနဲ့ ကပြထားတာပဲဖြစ်ပါတယ်နော် …ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးအတွက်လည်း မူးလာရဲ့ အမိုက်စား Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။
Source: Saw Chris MooLer’s facebook

Sakura(Cele Connections)

error: Alert: Content is protected !!