

 


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

“သူမအတွက် စိတ်ပူနေတဲ့တစ်ယောက်သောသူကို အမိုက်စားတော်ကီလေးနဲ့ ချုပ်လိုက်တဲ့ ခေးဆက်သွင်”

 

 

CeleConnections ပရိသတ်ကြီးတို့ရေ ရိုးသားပွင့်လင်းစွာပြောဆိုနေထိုင်တတ်ပြီး အပြုံးချိုချိုလေးတွေကြောင့် ပုရိသပရိသတ်တွေရဲ့ အားပေးမှုကို အများဆုံးရရှိလာတဲ့ မင်းသမီးချောလေး ခေးဆက်သွင်နဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ခေးဆက်သွင်ကတော့ ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကို စိတ်ထဲနှစ်ကာ ကျွမ်းကျင်စွာသရုပ်ဆောင်နိုင်မှုတွေကြောင့် အောင်မြင်မှုပိုမိုရရှိလာတယ်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ သရုပ်ဆောင်မှုပိုင်းတွေမှာလည်း အကောင်းဆုံးကြိုးစားနေလျက်ရှိပါတယ်။

 

ခေးဆက်သွင်ကတော့ အိမ်မှာနေရင်း လေ့ကျင့်ခန်းလုပ်ကာ ခန္ဓာကိုယ်အချိုးအစားကိုထိန်းနေတဲ့ပုံရိပ်လေးတွေနဲ့ အမှတ်တရဗီဒီယိုလေးတွေကို ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ခေးဆက်သွင်က “စိတ်မပူပါနဲ့ ဒီက မိန်းကလေးက ခင်ဗျားနဲ့ အစားကလွဲရင်ကျန်တာ စိတ်မဝင်စားလို့ ” ဆိုကာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ကို တော်ကီလေးတွေချုပ်ကာ တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် ခေးဆက်သွင်ရဲ့ တော်ကီလေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကကော ခေးဆက်သွင်ရဲ့ တော်ကီလေးတွေထဲမှာ နစ်မြောနေကြမယ်လို့လည်း ထင်ပါတယ်။
Soure….. Khay Sett Thwin’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!