

 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“သူမဘဝမှာ ဘယ်အရာကိုမှ လွယ်လွယ်နဲ့မရခဲ့ဖူးဘူးလို့ ရင်ဖွင့်လာတဲ့ မေမီကိုကို”

Forever Group ကစီစဉ်ရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေထဲကမှ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးချောလေး မေမီကိုကိုနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ မေမီကိုကိုကတော့ ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိကာ အောင်မြင်လာတဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ ပရိသတ်တွေအတွက် အနုပညာနဲ့ပတ်သက်ကာ ဘက်စုံထူးချွန်အောင် ကြိုးစားနေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

ကပ်ဆိုးတွေကြောင့် အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားကာ အမိုက်စား tik tokဗီဒီယိုလေးတွေနဲ့ အလွမ်းအဆွေးကပ်ပရှင်းလေးတွေရေးကာ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ မေမီကိုကိုကတော့ ” ဘယ်အရာမှ လွယ်လွယ်နဲ့ မရခဲ့ဖူးတော့ ခုအရာတွေကို မဝံ့မရဲဖြစ်နေမိတယ် လိုတာပိုပြီးတော့ ပြည့်စုံလွန်းလှပါတယ် ကျေးဇူးနော်” လို့ဆိုကာ သူမရဲ့ ခံစားနေရတဲ့ ခံစားချက်တစ်ချို့ကို ရေးကာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမအတွက် လိုတာထက်ကို ပိုပြီးပြည့်စုံလွန်းတဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် မေမီကိုကိုရဲ့ ခံစားချက်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း မေမီကိုကို ကိုအားပေးချစ်ခင်တယ်ဆိုရင်မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါအုံးနော်။
Soure….May Mi Ko Ko’s Myday
Angella(CeleConnections)

error: Alert: Content is protected !!