Source : ရွှေသမီး
ယူနီကုတ်ဖြင့်ဖတ်ရန်
” သူမချစ်ရတဲ့တစ်စုံတစ်ယောက်ကို ဆုံးရှုံးလိုက်ရကြောင်း ဝမ်းနည်းစွာပြောပြလာတဲ့ ရွှေသမီးရဲ့ ဗီဒီယိုဖိုင် ”
CeleConnections ပရိသတ်ကြီးရေ ရွှေသမီးကတော့ အမျိုးသားပရိသတ်တွေရဲ့ အသည်းစွဲ မင်းသမီးလေးတစ်လက် ဆိုတာပြောစရာမလိုတော့ပါဘူးနော်။ သူမကိုချစ်ကြတဲ့ သူတွေထဲမှာ မိန်းကလေးပရိသတ်တွေလည်း အပါအဝင်ပါပဲနော်။သူမရဲ့အသားအရေလှချက်ကတော့ မိန်းကလေးပရိသတ်တွေ အားကျရတဲ့ မင်းသမီးတွေထဲက တစ်ယောက်လို့ ဆိုရမှာပါ။
ရွှေသမီးလို့ ပြောလိုက်တာနဲ့ ပရိသတ်တွေပါးစပ်ဖျားမှာ ” ချည် ” ရုပ်ရှင်ဇာတ်ကားထဲက ဆရာဝန်မလေး ” ငု ” ကိုပဲ ပြေးမြင်မိကြမှာ အမှန်ပါပဲနော်။သရုပ်ဆောင်ချက်တွေပီပြင်လွန်းတာကြောင့် ပရိသတ်တွေ အံံသြချီးကျူးခဲ့ရသူလေးလို့ ဆိုရမှာပါ။ချစ်စရာကောင်းတဲ့ ရွှေသမီးလေးရဲ့အချစ်ရေးကတော့ အခုချိန်ထိ Single အဖြစ်နဲ့ နေကာ အနုပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်နေသူလေး ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရွှေသမီးတစ်ယောက် ” My son Loki passed away last night😔i’ll always miss you and love you baby..but now time to say “Good Bye”,RIP(27.4.2020) ” ငါ့သားလေး loki မနေ့ညက ကွယ်လွန်သွားပြီ ။ ငါမင်းကို အမြဲလွမ်းနေမှာပါ ကလေးရေ ဒါပေမယ့် အခုတော့ “နှုတ်ဆက်ခဲ့ပါတယ်” လို့ ပြောဖို့အချိန်ရောက်ပြီ ” ဆိုတဲ့ စာလေးနဲ့ သူမအချစ်တော်ခွေးလေး ဗီဒီယိုဖိုင်ကို ပြန်လည်ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း ရွှေသမီးရဲ့ အချစ်တော်ခွေးလေးအတွက် ဝမ်းနည်းကြောင်းမှတ်ချက်လေးတွေပေးခဲ့ပါဦးနော်။
Source : ရွှေသမီး
Candy -CeleConnections
error: Alert: Content is protected !!