


 

Soure…. Po Po’s Facebook
ယူနီကုဒ်ဖြင့်ဖတ်ရန်

“သူမကိုယ်တိုင်ပင်ပန်းစွာစိုက်ပျိုးထားတဲ့အပင်လေးတွေကြီးထွားလာလို့ ပျော်နေတယ်ဆိုတဲ့ ပိုပို”

တိုက်ဆိုင်တဲ့ခံစားချက်လေးတွေနဲ့ ကိုယ်တိုင်ရေးစပ်ပြီ ကိုယ်တိုင်သီဆိုလေ့ရှိတဲ့ နာမည်ကျော် အဆိုတော်မလေးတစ်ဦးဖြစ်တဲ့ ပိုပိုနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ပိုပိုရဲ့ သီချင်းတော်တော်များများဟာဆိုရင် ပရိသတ်တွေရင်ထဲထိကို စွဲလမ်းစေမယ့်သီချင်းမျိုးတွေဖြစ်တာကြောင့် အောင်မြင်လာတဲ့ အဆိုတော်တစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမကတော့ ပရိသတ်တွေအတွက် အောင်မြင်မှုပိုမိုရရှိအောင်ကြိုးစားနေလျက်ရှိပါတယ်။

ပိုပိုကတော့ အိမ်မှာနေရင်း ဝါသနာပါရာအပင်လေးတွေကို ကိုယ်တိုင်အပင်ပန်းခံကာ စိုက်ပျိုးနေတဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ပိုပိုက သူကိုယ်တိုင်စိုက်ပျိုးထားတဲ့ အပင်လေးတွေကြီးထွားလာတဲ့အကြောင်းကို “ကိုယ် စိုက်ထားတဲ့ အပင်တွေ ကြီးထွားလာတော့ လဲ ပျော်လိုက်တာ..မင်းရင်ခွင်ထဲမှာ ရော အချစ်သစ်ပင် စိုက်ချင်လို့ ရမလား ” လို့ စနောက်ကာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ တစ်စုံတစ်ယောက် ရင်ခွင်ထဲမှာ အချစ်သစ်ပင်စိုက်လို့ရမလားဆိုပြီး စနောက်ကာ တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် ပိုပိုရဲ့ အချစ်သစ်ပင်စိုက်ချင်တဲ့အကြောင်းလေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကကော ပိုပိုကို ချစ်ခင်အားပေးတယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါအုံးနော်။
Soure…. Po Po’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!