

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

ဝဏ္ဏခွာနီးရဲ့ ဝန်ကြီးချုပ်လုပ်ရင်လက်ခံ၊ မခံဆိုတဲ့ မေးခွန်းကို အထာကျကျ ပြန်ဖြေလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

အနုပညာလောကမှာ နှစ်ပေါင်းများစွာ အောင်မြင်မှုအပောင်း သရဖူဆောင်းထားတဲ့ အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် က တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို တစ်ခဲနက် ရရှိထားပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် တေးသီချင်းခွေများစွာနဲ့ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေ များစွာကို ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က လက်ရှိ အသက်(၄၀) ကျော်သွားတဲ့တိုင် အနုပညာလုပ်ငန်းတွေကို အားတက်သရော လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ရင်းနှီးတဲ့ ဓာတ်ပုံဆရာ ဝဏ္ဏခွာနီးက စိုင်းစိုင်းခမ်းလှိုင် ဝန်ကြီးချုပ်လုပ်ရင် လက်ခံ မခံဆိုပြီး စနောက်ပြီး မေးခဲ့ပါတယ်။ ထိုမေးခွန်းကို စိုင်းစိုင်းခမ်းလှိုင် ပြန်ဖြေတဲ့ပုံကြောင့် အကုန်လုံး ပွဲကျသွားခဲ့ရတာကို တွေ့ရပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က ဝဏ္ဏခွာနီးရဲ့ မေးခွန်းကို ” မထောက်ခံပါဘူး။ ဘယ်အချိန် စော်သွားရှိတ်မလဲ။” ဆိုပြီး ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ကို စနောက်တဲ့ ဓာတ်ပုံဆရာ ဝဏ္ဏခွာနီးကို ပြန်လည်ကျီစယ်ပြီး စနောက်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုင်းစိုင်းခမ်းလှိုင်ရဲ့အဖြေကြောင့် သဘောကျနေရမယ် ထင်ပါတယ်နော်။

Source: Wunna Khwar Nee’s fb
Bilie – Cele Connections

error: Alert: Content is protected !!