

 

 


 

 


 

 

Source: Nann Thuzar’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

လူကောင်သေးသေးလေးနဲ့ Bobby Soxer ကို အသာလေး ချီမထားနိုင်တဲ့ နန်းသူဇာရဲ့ ခရီးသွားအမှတ်တရ ဗီဒီယို

ပြီးခဲ့တဲ့ နှစ်တွေက ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့ပြီး ပရိသတ်တွေ အားပေးမှုအများအပြားရရှိခဲ့တဲ့ Let’s Go ခရီးသွား အစီအစဉ်ကို မှတ်မိကြဦးမယ်လို့ ထင်ပါတယ်။ ကျော်ထွဋ်ဆွေ၊ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ Bobby Soxer၊ နန်းသူဇာ နဲ့ နန်မြတ်ဖြိုးသင်း အစရှိတဲ့ အနုပညာရှင်တွေရဲ့ ခရီးတွေသွားကြတဲ့ ပျော်စရာ အမှတ်တရတွေကို ရိုက်ကူးခဲ့တာဖြစ်ပြီး တော်တော်လေး လူကြိုက်များခဲ့တာကို တွေ့ရပါတယ်။

Let’s Go ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ နန်းသူဇာက ဒီနေ့မှာတော့ သူမရဲ့ ချစ်ခင်ရတဲ့ ညီမလေး Bobby Soxer နဲ့ အမှတ်တရလေးကို ပရိသတ်တွေဆီ ချပြလာပါတယ်။ ထိုဗီဒီယိုလေးမှာ နန်းသူဇာက Bobby Soxer ကို အသာလေး ပွေ့ချီထားနိုင်တာကို အံ့သြစွာနဲ့ တွေ့ရပါတယ်။

နန်းသူဇာကတော့ လူကောင်သေးသေးလေးဖြစ်တဲ့ Bobby Soxer ကို ချီမပြီး ပျော်ရွှင်ခဲ့တဲ့ အမှတ်တရတွေကို ပြန်လည် သတိရနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Bobby Soxer နဲ့ နန်းသူဇာရဲ့ အမှတ်တရ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။

Source: Nann Thuzar’s fb
Bilie – Cele Connections

error: Alert: Content is protected !!