

 

 


 

 


 

 

Source: Mg Mg Aye’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

လူတိုင်းကိုစေတနာထားကူညီပေးနေပေမယ့် အနာပြဆန်တောင်းနေသူတစ်ယောက်နဲ့ မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ မောင်မောင်အေး

နိုင်ငံကျော် အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ မောင်မောင်အေးက လူမှုကူညီရေးမှာလည်း လက်မနှေးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မောင်မောင်အေးက လက်ရှိမှာ Covid – 19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နေရပြီး အခြားသော လူမှုရေးကိစ္စတွေကိုလည်း စေတနာထား ကူညီအလှူခံပေးနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ အနာပြဆန်တောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ ကြုံတွေ့ခဲ့ရကြောင်း အခုလိုပဲ ပြောထားပါတယ်။

“အူထဲကနေ အစာဟောင်းတွေထွက်ကျနေတဲ့ အဘရဲ့ပို့စ်ကို တွေ့လို့ အဆက်အသွယ်ရှာပြီး ကူပေးဖို့ ရှဲလိုက်တာမှာ ” သူက ဒီရောဂါကို ပြပြီး ဆေးဖိုးတွေယူ… ဆေးရုံတင်ပေးလည်း ခဏ ခဏပြန်ဆင်းတာ ” တဲ့။ ” အနာပြ ဆန်တောင်းနေတာ ” တဲ့။ မန့်မှာရော၊ ချက်ဘောက်စ်ကနေကို ကိုယ်တွေ့ကြုံသူတွေက လာပြောပြကြလို့ အဲ့ပို့စ်ကို ပြန် Only me လိုက်ပါပြီ။ ကျွန်တော့်တစ်ယောက်စာ ခံယူချက်အနေနဲ့ ” စေတနာကတော့ လူတိုင်းနဲ့တန်ပါတယ်။” ချွင်းချက်အနေနဲ့ တချို့တွေအတွက်တော့ တခါစာပဲတန်သွားတာပါ။ အဲ့အဘ လည်းသူ့အနာကို ပျောက်အောင်မကုမှ သူ့ဝမ်းလှမယ်ထင်နေမှတော့ အသက်ရှည်စွာ အနာမပျောက်ပါစေနဲ့လို့တောင် ဆုတောင်းပေးနေရတော့မလိုလို” ဆိုပြီး ပြောထားပါတယ်။

မောင်မောင်အေးကတော့ သူ့ရဲ့ ပရဟိတလုပ်လာတဲ့ သက်တမ်းတစ်လျှောက် ဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ရလို့ အံ့သြနေရတာပဲ ဖြစ်ပါတယ်။ မောင်မောင်အေးတစ်ယောက် ဒီထက်မက အမှန်တကယ်လိုအပ်သူများကို ကူညီပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Mg Mg Aye’s fb
Bilie – Cele Connections

error: Alert: Content is protected !!