

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

လူငယ်လေးတွေ လိုက်မမှီနိုင်အောင် လှပနုပျိုနေဆဲပဲဆိုတာကို သက်သေပြလိုက်တဲ့ ခိုင်သင်းကြည်

မင်းသမီးချော ခိုင်သင်းကြည်ကတော့ ကြော်ငြာမင်းသမီးတစ်လက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး တစ်စထက်တစ်စ အောင်မြင်မှုရရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်က အခုဆိုရင် အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပေမယ့် စိတ်ပျိုလို့ ကိုယ်နုဆိုတဲ့စကားအတိုင်း လူငယ်လေးတစ်ယောက်လို နုပျိုနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သမီးဖြစ်သူ စံထိပ်ထားဦးနဲ့ ညီအစ်မတွေအလားထင်ရတဲ့ ခိုင်သင်းကြည်ကိုကြည့်ပြီး အံ့သြနေရတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ခိုင်သင်းကြည်က သူမရဲ့ ခရီးသွားအမှတ်တရအချို့ကို ပရိသတ်တွေအတွက် အလွမ်းပြေပြန်လည်မျှဝေထားတာကို တွေ့ရပါတယ်။ ခိုင်သင်းကြည်က အသက် (၄၉) နှစ် အရွယ်ရောက်နေပြီဖြစ်ပေမယ့် လူငယ်တွေ လိုက်မမှီအောင် လှနေသေးတယ်ဆိုတာကိုတော့ လက်ခံချင်စရာပါပဲ။

ခိုင်သင်းကြည်ကတော့ ဘယ်အချိန်ကြည့်ကြည့် လူငယ်လေးတစ်ယောက်လို နုပျိုလန်းဆန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အသက်ကြီးလေ အလှတွေပိုလာလေဖြစ်တဲ့ ခိုင်သင်းကြည်ကို အားကျနေကြပြီ ထင်ပါတယ်နော်။

Source: KHINE THIN KYI’s fb
Bilie – Cele Connections

error: Alert: Content is protected !!