

 

 


 

 


 

 

Source: Kyaw Kyaw Bo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ရင်ဂိုရဲ့ “အတောင်ပံပါရင်မင်းဆီကို” သီချင်းကို အသံနေ အသံထားကောင်းကောင်းနဲ့ ဆိုပြလိုက်တဲ့ ကျော်ကျော်ဗို

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသားကြီး ဝင်းဗိုရဲ့ မျိုးဆက်သစ်ဖြစ်သူ ကျော်ကျော်ဗိုက အနုပညာလောကမှာ အောင်မြင်နေသူတစ်ဦးပါပဲ။ ကျော်ကျော်ဗိုက လက်ရှိမှာလဲ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေရဲ့ အကယ်ဒမီမှန်းခြင်းကို ခံထားရသူတစ်ဦးဖြစ်ပါတယ်။ ကျော်ကျော်ဗိုက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး မိသားစုနဲ့အတူတူ ပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ကျော်ကျော်ဗိုက သရုပ်ဆောင်အလုပ်ကို ဦးစားပေးလုပ်ကိုင်နေတယ်ဆိုပေမယ့်လည်း သီချင်းဆိုတဲ့နေရာမှာလည်း ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။ ကျော်ကျော်ဗိုက ဒီနေ့မှာလည်း ရင်ဂိုရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “အတောင်ပံပါရင်မင်းဆီကို” သီချင်းကို အသံနေ အသံထားကောင်းကောင်းနဲ့ ဆိုပြထားတာကို တွေ့ရပါတယ်။

ကျော်ကျော်ဗိုကတော့ ပရိသတ်တွေအတွက် သီချင်းအမြဲတမ်းဆိုပြတတ်သူတစ်ယောက်ဖြစ်တာမို့ သူ့ရဲ့ သီချင်းဆိုစွမ်းရည်ကတော့ အားလုံးသိပြီးသား ဖြစ်မှာပါနော်။ ပရိသတ်ကြီးအတွက် ကျော်ကျော်ဗိုရဲ့ “အတောင်ပံပါရင်မင်းဆီကို” သီချင်းလေးကို မျှဝေပေးလိုက်တာမို့ နားဆင်ပေးကြပါဦး။

Source: Kyaw Kyaw Bo’s fb
Bilie – Cele Connections

error: Alert: Content is protected !!