“မူးလာရဲ႕ သင္ၾကားမႈနဲ႕ ခက္ခဲလြန္းတဲ့ ထိုင္းသီခ်င္းေလးကို အမိုက္စား ျပန္လည္သီဆုိလိုက္တဲ့ ေအးျမျဖဴရဲ႕ ဗီဒီယုိဖိုင္အသစ္ေလး”

ငယ္စဥ္ကေလးဘဝကတည္းက အခု Myanmar idol season(4) ျပိုင္ပြဲရဲ႕ Runner Up တစ္ေယာက္ျဖစ္တဲ့ အခ်ိန္ထိကို အားေပးကာ ေအာင္ျမင္လာတဲ့ ေအးျမျဖဴကို အထူးတလည္ မိတ္ဆက္ေပးဖို႕ မလုိေလာက္ဘူးထင္ပါတယ္။ ေအးျမျဖဴဟာဆိုရင္ ဂီတပိုင္းမွာ ေအာင္ျမင္လာရုံတင္မက သရုပ္ေဆာင္မႈပိုင္းမွာလည္း ကၽြမ္းက်င္တဲ့ သူတစ္ေယာက္ဆိုလည္း မမွားေလာက္ပါဘူးေနာ္။
သူမကေတာ ့ငယ္စဥ္ဘဝတည္းက အနုပညာပိုးကို ဝါသနာပါတာေၾကာင့္ ပိုမိုေအာင္ျမင္လာေအာင္လည္း ၾကိဳးစားေနသူလ်က္ရွိသူတစ္ဦးပဲျဖစ္ပါတယ္။

 

 

ေအးျမျဖဴကေတာ့ ေခတ္စားေနတဲ့ Tik tokကို အပ်င္းေျပေဆာ့ကာ သူမရဲ႕ မိုးစက္ေလးေတြကို အလြမ္းေျပၾကည့္ေစဖို႕ လူမႈကြန္ယက္စာမ်က္နွာေပၚမွာ တင္ေပးေလ့ရွိပါတယ္။ သူမနဲ႕အတူ ျပိုင္ပြဲဝင္ကတည္းက အစ္ကုိတစ္ေယာက္လိုခ်စ္ခင္ရတဲ့ မူးလာဆီကေန ဆုိဖို႕ခဲယဥ္းတဲ့ ထိုင္းသီခ်င္းျဖစ္တဲ့ မလုံကုံကင္သီခ်င္းေလးကို သင္ကာ မိုးစက္ေလးေတြအတြက္ ႀကိဳးစားျပီး ဆိုထားတဲ့ ဗီဒီယုိေလးကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့တာပဲျဖစ္ပါတယ္။ ဆိုဖို႕ခဲယဥ္းတဲ့ သီခ်င္းေလးကို အစြမ္းကုန္ႀကိဳးစားသင္ယူကာ သီဆိုလာတဲ့အေၾကာင္းေလးကို တင္ေပးလိုက္တာပါပဲေနာ္။

 

CeleConnections ပရိသတ္ေတြအတြက္ ေအးျမျဖူသီဆုိထားတဲ့ မလုံကုံကင္ ဗီဒီယုိေလးကို ျပန္္လည္ျပီးမွ်ေဝေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ႀကီးကလည္း မိုးသိုေလးဆိုထားတာကို အၾကိဳက္ေတြ႕ၾကမယ္လို႕လည္း ထင္ပါတယ္။
Soure….Aye Mya Phyu ‘Facebook
Angella(CeleConnections)
ယူနီကုဒ္ျဖင့္ဖတ္ရန္

“မူးလာရဲ့ သင်ကြားမှုနဲ့ ခက်ခဲလွန်းတဲ့ ထိုင်းသီချင်းလေးကို အမိုက်စား ပြန်လည်သီဆိုလိုက်တဲ့ အေးမြဖြူရဲ့ ဗီဒီယိုဖိုင်အသစ်လေး”

 

ငယ်စဉ်ကလေးဘဝကတည်းက အခု Myanmar idol season(4) ပြိုင်ပွဲရဲ့ Runner Up တစ်ယောက်ဖြစ်တဲ့ အချိန်ထိကို အားပေးကာ အောင်မြင်လာတဲ့ အေးမြဖြူကို အထူးတလည် မိတ်ဆက်ပေးဖို့ မလိုလောက်ဘူးထင်ပါတယ်။ အေးမြဖြူဟာဆိုရင် ဂီတပိုင်းမှာ အောင်မြင်လာရုံတင်မက သရုပ်ဆောင်မှုပိုင်းမှာလည်း ကျွမ်းကျင်တဲ့ သူတစ်ယောက်ဆိုလည်း မမှားလောက်ပါဘူးနော်။
သူမကတော့ငယ်စဉ်ဘဝတည်းက အနုပညာပိုးကို ဝါသနာပါတာကြောင့် ပိုမိုအောင်မြင်လာအောင်လည်း ကြိုးစားနေသူလျက်ရှိသူတစ်ဦးပဲဖြစ်ပါတယ်။

အေးမြဖြူကတော့ ခေတ်စားနေတဲ့ Tik tokကို အပျင်းပြေဆော့ကာ သူမရဲ့ မိုးစက်လေးတွေကို အလွမ်းပြေကြည့်စေဖို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ သူမနဲ့အတူ ပြိုင်ပွဲဝင်ကတည်းက အစ်ကိုတစ်ယောက်လိုချစ်ခင်ရတဲ့ မူးလာဆီကနေ ဆိုဖို့ခဲယဉ်းတဲ့ ထိုင်းသီချင်းဖြစ်တဲ့ မလုံကုံကင်သီချင်းလေးကို သင်ကာ မိုးစက်လေးတွေအတွက် ကြိုးစားပြီး ဆိုထားတဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ဆိုဖို့ခဲယဉ်းတဲ့ သီချင်းလေးကို အစွမ်းကုန်ကြိုးစားသင်ယူကာ သီဆိုလာတဲ့အကြောင်းလေးကို တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် အေးမြဖြူသီဆိုထားတဲ့ မလုံကုံကင် ဗီဒီယိုလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း မိုးသိုလေးဆိုထားတာကို အကြိုက်တွေ့ကြမယ်လို့လည်း ထင်ပါတယ်။
Soure….Aye Mya Phyu ‘Facebook
Angella(CeleConnections)

error: Alert: Content is protected !!