မိန္းမဆင္ေပးလိုက္တဲ့ဖက္ရွင္နဲ့ အျပင္ထြက္လာတဲ့ K ညီကိုၾကည့္ျပီး သေဘာက်မဆံုးျဖစ္ေနရတဲ့ ယုန္ေလး

သရုပ္ေဆာင္၊ အဆိုေတာ္ ယုန္ေလးက ေပ်ာ္ေပ်ာ္ေနတတ္ျပီး ပြင့္ပြင့္လင္းလင္းရိွသူတစ္ေယာက္ျဖစ္တာမို့ လူခ်င္လူခင္ေပါမ်ားသူတစ္ေယာက္ ျဖစ္ပါတယ္။ ယုန္ေလးက ျမင့္ျမတ္၊ ခင္လိႈင္၊ K ညီစတဲ့ ဇာတ္ပို့သရုပ္ေဆာင္ေတြနဲ့လည္း ရုပ္ရွင္ဇာတ္ကားေတြ အတူတူ တြဲရိုက္ဖူးတာေၾကာင့္ ေျပာမနာဆိုမနာေလာက္ေအာင္ ရင္းနွီးေနတာပဲ ျဖစ္ပါတယ္။ ဒီေန့မွာလည္း ယုန္ေလးက သူ့ရဲ့ ခင္မင္ရတဲ့ အစ္ကိုၾကီး K ညီကိုၾကည့္ျပီး သေဘာက်ေနျပန္ပါတယ္။

 

 

ယုန္ေလးက သူ့ကို ေဆးခန္းလိုက္ပို့တဲ့ K ညီဟာ မိန္းမဆင္ေပးလိုက္တဲ့ လက္အိတ္၊ ေခါင္းစြပ္၊ နွာေခါင္းစည္းေတြနဲ့ ကို့ရိုးကားယားၾကီး ထြက္လာတာေၾကာင့္ သေဘာက်ေနတာပဲ ျဖစ္ပါတယ္။ ယုန္ေလး သေဘာက်ရေလာက္ေအာင္ K ညီတစ္ေယာက္ ဘယ္လိုေတြျဖစ္ေနလဲဆိုတာကို ပရိသတ္ၾကီးအတြက္ မွ်ေဝေပးလုိက္ပါတယ္ေနာ္။

 

 

K ညီေျပာသလိုပဲ ဒီလိုပံုစံက အမ်ားအျမင္မွာ ရယ္စရာျဖစ္ေနေပမယ့္ ကိုယ့္ကုိကိုယ္အတြက္ေရာ၊ ပတ္ဝန္းက်င္အတြက္ပါ ကာကြယ္ျပီးသားျဖစ္တာမို့ လုပ္ကိုလုပ္ေဆာင္သင့္ပါတယ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို ေက်းဇူးအထူးတင္ရိွပါတယ္္။

 

 

Source: Yone Lay’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မိန်းမဆင်ပေးလိုက်တဲ့ဖက်ရှင်နဲ့ အပြင်ထွက်လာတဲ့ K ညီကိုကြည့်ပြီး သဘောကျမဆုံးဖြစ်နေရတဲ့ ယုန်လေး

သရုပ်ဆောင်၊ အဆိုတော် ယုန်လေးက ပျော်ပျော်နေတတ်ပြီး ပွင့်ပွင့်လင်းလင်းရှိသူတစ်ယောက်ဖြစ်တာမို့ လူချင်လူခင်ပေါများသူတစ်ယောက် ဖြစ်ပါတယ်။ ယုန်လေးက မြင့်မြတ်၊ ခင်လှိုင်၊ K ညီစတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေနဲ့လည်း ရုပ်ရှင်ဇာတ်ကားတွေ အတူတူ တွဲရိုက်ဖူးတာကြောင့် ပြောမနာဆိုမနာလောက်အောင် ရင်းနှီးနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ယုန်လေးက သူ့ရဲ့ ခင်မင်ရတဲ့ အစ်ကိုကြီး K ညီကိုကြည့်ပြီး သဘောကျနေပြန်ပါတယ်။

ယုန်လေးက သူ့ကို ဆေးခန်းလိုက်ပို့တဲ့ K ညီဟာ မိန်းမဆင်ပေးလိုက်တဲ့ လက်အိတ်၊ ခေါင်းစွပ်၊ နှာခေါင်းစည်းတွေနဲ့ ကို့ရိုးကားယားကြီး ထွက်လာတာကြောင့် သဘောကျနေတာပဲ ဖြစ်ပါတယ်။ ယုန်လေး သဘောကျရလောက်အောင် K ညီတစ်ယောက် ဘယ်လိုတွေဖြစ်နေလဲဆိုတာကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

K ညီပြောသလိုပဲ ဒီလိုပုံစံက အများအမြင်မှာ ရယ်စရာဖြစ်နေပေမယ့် ကိုယ့်ကိုကိုယ်အတွက်ရော၊ ပတ်ဝန်းကျင်အတွက်ပါ ကာကွယ်ပြီးသားဖြစ်တာမို့ လုပ်ကိုလုပ်ဆောင်သင့်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Yone Lay’s fb
Bilie – Cele Connections

error: Alert: Content is protected !!