ယူနီကုဒ်ဖြင့် ဖတ်ရန်
“ထူးအောင်၊ ညီထွဋ်ခေါင်တို့ထက် ပိုသာစေမယ့် လေ့ကျင့်ခန်းလုပ်နည်းလေးကို လုပ်ပြလိုက်တဲ့ ကိုပေါက်ရဲ့ဟာသဗီဒီယိုဖိုင်”
သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသား ဖြစ်မယ် ထင်ပါတယ်နော်.။ အနုပညာကို ရူးသွပ်ပြီး အကောင်းဆုံး အနုပညာအရည်အချင်းတွေကို ချပြနိုင်အောင် ကြိုးစားပြီး အကောင်းဆုံးတွေကိုသာ ချပြရိုက်ကူးတဲ့ ကိုပေါက်ရဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်ဇာတ်ကားကြီးဟာ ပရိသတ်တွေရဲ့ ရုံပြည့်အားပေးမှုတွေကို ရရှိကာ အကယ်ဒမီ စာရင်းဝင်တဲ့ ဇာတ်ကားကြီးတစ်ကားပဲဖြစ်ပါတယ်.။ ဗီလိန်သရုပ်ဆောင်ဘဝကနေ ပီပြင်အောင် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိကာ အခုဆိုရင် အောင်မြင်တဲ့ သရုပ်ဆောင် ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ရပ်တည်နေသူပါ.။
ကိုပေါက်ကတော့ လက်ရှိ ဗိုင်းရပ်စ်ပိုးကြောင့် အိမ်မှာပဲ Stay Home နေနေရတဲ့ အခိုက်အတန့်မှာ ပျော်ရွှင်စေမယ့် ဗီဒီယိုလေးတွေကို ဖန်တီးကာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။ ဧပြီလ (၂၇)ရက်နေ့မှာတော့ ကိုပေါက်က “ထူးအောင် ၊ညီထွဠ်ခေါင်တို့ body မျိုးရအောင် ကျွန်တော်က တစ်လခွဲပဲ ဆော့ပြမယ် ကြည့်လိုက်။ ကျွန်တော်က ဘာဖြစ်ဖြစ် မလုပ်ရင် အရှင်းထူးအောင်၊ညီထွဠ်ခေါင်တို့ body မျိုးရအောင် ကျွန်တော်က တစ်လခွဲပဲ ဆော့ပြမယ် ကြည့်လိုက်။ ကျွန်တော်က ဘာဖြစ်ဖြစ် မလုပ်ရင် အရှင်း လုပ်ရင် အပီပဲလုပ်တယ်။ ဟင်းဟင်း ရှိုးလိုက်ဦး။ လုပ်ရင် အပီပဲလုပ်တယ်။ ဟင်းဟင်း ရှိုးလိုက်ဦး။” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
ကိုပေါက်ကတော့ ဝိတ်တုံးကို အပီအပြင်မကာ လေ့ကျင့်ခန်းလုပ်နေတဲ့ ဟာသဗီဒီယိုဖိုင်လေးကို ပရိသတ်တွေ အပျော်ကူးစက်စေဖို့ တင်လာခဲ့တာပဲဖြစ်ပါတယ်နော်.ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးလည်း ဝိတ်တုံးကို အပီအပြင်မကာ လေ့ကျင့်နေတဲ့ ကိုပေါက်ရဲ့ ဟာသဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်  ပါတယ်နော်.။
Source: Aung Min Naing’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!