

 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

“တစ်ယောက်သောသူသာ ကဗျာတစ်ပုဒ်ဖြစ်ခဲ့မယ်ဆိုရင် အမြဲတမ်းရေရွတ်နေမိမယ်ဆိုတဲ့ ပိုင်တံခွန်”

CeleConnections ပရိသတ်ကြီးရေ နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားတဲ့ ပိုင်တံခွန်နဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ပိုင်တံခွန်ဟာဆိုရင် ယောကျာ်းပီသတဲ့ Body နဲ့ အမိုက်စား tattoo တွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော်မင်းသားတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူရဲ့ အနုပညာအလုပ်ကိုလည်း အောင်မြင်မှုပိုမိုရရှိအောင် ကြိုးစားနေလျက်ရှိပါတယ်။

ကပ်ဆိုးရောဂါကြီးကြောင့် အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားပေမယ့် အိမ်မှာနေရင်း သူရဲ့ ဝါသနာပါရာ ပန်းချီလေးတွေကိုဆွဲထားတဲ့ ပုံရိပ်လေးတွေနဲ့ အမိုက်စား tik tokဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ပိုင်တံခွန်ကတော့ ” ငှက်လေးတွေ တေးဆိုတာတို့ ၊ပျား ပိတုန်း လေးတွေ ဝတ်မှုန်ကူးနေတာတို့ ၊လရောင်ကို ငေးကြည့်တာတို့၊ ကြယ်လေးတွေက လမ်းပြတာတို့ရောင်နီကြောင့် မနက်ခင်းလေး ပြည့်စုံတာတို့ ၊စမ်းချောင်းလေးက အသက်ဝင်လှုပ်ရှားနေတာတို့ ၊တိမ်ငွေ့ကို ရှတတလေးထိတွေ့တာတို၊့တောင်ပြန်လေညှင်းလေး တိုက်ခတ်တာတို့၊ နှင်းစက်ဖွေးဖွေးလေးကြား ဆော့ကစားရတာတို့ ၊လှိုင်းသံလေးတွေ တိတ်ဆိတ်သွားတာတို့၊ တကယ်လို့ မင်းသာ ကဗျာလေးတပုဒ်ဆိုရင် ငါနေ့တိုင်း ခံစားပြီး ရေရွတ်နေမိမှာ ” ဆိုတဲ့ တစ်စုံတစ်ယောက်ကို ရည်ရွယ်ကာ အမိုက်စားကဗျာလေးတစ်ပုဒ်ကို သီကုံးရေးစပ်ကာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

CeleConnections ပရိသတ်တွေအတွက် ပိုင်တံခွန်ရဲ့ အမိုက်စားကဗျာလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ပိုင်တံခွန်ရေးစပ်ထားတဲ့ ကဗျာလေးဖတ်ကာ မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါအုံးနော်။
Soure… Paing Takhon’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!