ယူနီကုဒ်ဖြင့်ဖတ်ရန်
“တစ်ယောက်သောသူကို သူ့က အရင်ကထက် ပိုချစ်နေပေးပါလို့ ရင်ဖွင့်လိုက်တဲ့ အောင်ရေချမ်း”
Forever Group ကရိုက်ကူးစီစဉ်တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ကာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်တစ်ဦးဖြစ်တဲ့ အောင်ရေချမ်းနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ အောင်ရေချမ်းကတော့ ဇာတ်ကားတိုင်းလိုလို သူနဲ့လိုက်ဖက်တဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူရဲ့ ယောကျာ်းပီသတဲ့ ပုံရိပ်လေးတွေကြောင့် မိန်းကလေးအများစုရဲ့ အားပေးဝန်းရံမှုကို ရရှိလာခဲ့တာပဲဖြစ်ပါတယ်။
အောင်ရေချမ်းကတော့ ချစ်ရသူနဲ့ ပြတ်သွားကတည်းက Single ဘဝနဲ့ ဖြတ်သန်းနေတဲ့သူတစ်ဦးပါပဲနော်။ ရောဂါကပ်ဆိုးကြီးကြောင့် အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားကာ အိမ်မှာနေရင်း ပရိသတ်တွေအတွက် အလွမ်းပြေ အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာဆိုရင်တော့ အောင်ရေချမ်းက”အလုပ်တွေ ခဏနားတဲ့အချိန် မေ့မသွားနဲ့နော်..အရင်ထက်ပိုချစ်နေပေးပါ” လို့ တစ်စုံတစ်ယောက်ကို ရည်ရွယ်ကာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။
CeleConnections ပရိသတ်တွေအတွက် အောင်ရေချမ်းရဲ့ တစ်စုံတစ်ယောက်ကို ပိုချစ်ပေးပါဆိုတဲ့အကြောင်းလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကကော အောင်ရေချမ်းရဲ့ အရင်ထက်ပိုချစ်နေပေးပါဆိုတဲ့ သူကို စိတ်ဝင်စားနေကြမယ်လို့ ထင်ပါတယ်။
Soure… Aung Yay Chan’s Facebook
Angella(CeleConnections)
error: Alert: Content is protected !!