

 

 

 


 

 

 



 

 

ယူနီကုဒ်ဖြင့် ဖတ်ရန်

“ချစ်သူနဲ့ သမီးလေးရွှန်းရွှန်းတို့ရဲ့ ချစ်ခင် သိတတ်မှုတွေကြောင့် ပျော်မဆုံးဖြစ်နေတဲ့ ခိုင်နှင်းဝေရဲ့ ဗီဒီယိုဖိုင်”

ပရဟိတမင်းသမီးလေးလို့ ဆိုရမယ့် မင်းသမီး ခိုင်နှင်းဝေကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ မိဘမဲ့ ကလေး အယောက်(၃၀)ကို သူမရဲ့ သားသမီးများအနေနဲ့ ကျွေးမွေးစောင့်ရှောက်ကာ ခိုင်နှင်းဝေ ရင်သေးလေးများဂေဟာကို တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ တိုးပွားလာတဲ့ ကလေးများကို အဆင်ပြေပြေလေး ထားနိုင်ဖို့အတွက် ဂေဟာကို ဆောက်လုပ်နေပြီး သူမရဲ့ အနုပညာကြေးငွေတွေနဲ့ အတူ အလှူရှင်များရဲ့ လှူဒါန်းမှုတွေနဲ့ ရပ်တည်နေတာပါ.။

ခိုင်နှင်းဝေဟာ သူမရဲ့ အချစ်ရေးအကြောင်းကို လည်း တရားဝင်ချပြကာ ချစ်သူနဲ့အတူ အများအကျိုး အတွက် ပရဟိတအလုပ်တွေကို လုပ်ကိုင်သလို လှူဒါန်းမှုတွေကိုလည်း တတ်နိုင်သလောက် လှူဒါန်းနေတာပဲဖြစ်ပါတယ်.။ ခိုင်နှင်းဝေက သူမရဲ့ နေ့စဉ်လှုပ်ရှားမှုများနဲ့ ဂေဟာမှာ ရှိတဲ့သားသမီးများရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။ ဒီနေ့ ဧပြီလ (၂၈)ရက်နေ့မှာတော့ ခိုင်နှင်းဝေက သူမရဲ့ ချစ်သူနဲ့ သမီးလေး ရွှန်းရွှန်းတို့ ပိုက်ဆံအိတ်တွေကို ဆေးကြောကာ လျှော်နေတဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကို “အားကိုးနေရပြီလေ…” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

ချစ်သူရဲ့ ဂရုစိုက်ပေးမှုတွေနဲ့ရော သမီးဖြစ်သူ ရွှန်းရွှန်းရဲ့ တစ်နေ့တစ်ခြား သိတတ်မှုတွေကြောင့် ပျော်မဆုံးဖြစ်နေတဲ့ ပုံပါပဲနော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးအတွက်လည်း ခိုင်နှင်းဝေရဲ့ သမီးလေး ရွှန်းရွှန်းနဲ့ ချစ်သူတို့ရဲ့ ပိုက်ဆံအိတ်တွေကို ဆေးကြောနေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးးလိုက်ပါတယ်နော်.။
Source: Khine Hnin Wai’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!