“ခ်စ္တဲ့သူေတြအားလုံးကို ေပ်ာ္ရႊင္စြာနဲ႕ အတူတကြေပါင္းစည္းေစခ်င္တယ္ဆိုတဲ့ ေဆာင္းဝတ္ရည္ေမ”

MRTV-4 ႐ုပ္သံဇာတ္လမ္းတြဲျဖစ္တဲ့ ” ဝိညာဥ္ရႈိက္သံ” ဇာတ္ကားေတြသ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသမီးေခ်ာေလး ေဆာင္းဝတ္ရည္ေမနဲ႔ ပရိသတ္ေတြကို အထူးတလည္ မိတ္ဆက္ေပးဖို႔မလိုေလာက္ဘူးထင္ပါတယ္။ ေဆာင္းဝတ္ရည္ေမကေတာ့ ဇာတ္ကားတိုင္းလိုလို က်ရာဇာတ္႐ုပ္ကို ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တဲ့ မင္းသမီးတစ္လက္ဆိုလည္း မမွားေလာက္ပါဘူးေနာ္။ သူမဟာဆိုရင္ ေပါ့ေပါ့ပါးပါးေနထိုင္တတ္ၿပီး ပြင့္လင္းစြာ ေျပာဆိုတတ္တဲ့ အက်င့္ေလးေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိလာတာပဲျဖစ္ပါတယ္။

 

 

ေဆာင္းဝတ္ရည္ေမကေတာ့ ေခတ္စားတဲ့ tik tokေတြကို အပ်င္းေျပေဆာ့ကာ ဗီဒီယိုေလးေတြနဲ႔ အမွတ္တရပုံရိပ္ေလးေတြကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္ေပးေလ့ရွိပါတယ္။ သူမရဲ႕ အခ်စ္ေရးဟာဆိုရင္ Singleဘဝနဲ႔ ျဖတ္သန္းေနေပမယ့္ အလြမ္းအေဆြးကပ္ပရွင္းေလးေတြကိုေတာ့ တင္ေပးေလ့ရွိသူတစ္ဦးပါပဲေနာ္။ ေဆာင္းဝတ္ရည္ေမက”႐ိုးသားရရင္ ေပ်ာ္ေနတဲ့ အတြဲေတြကို မျမင္ခ်င္ဘူး၊အက္ကြဲေနတဲ့ ဆက္ဆံေရးေတြလည္း ထပ္မၾကားခ်င္ဘူး၊ခ်စ္ၿပီးမွေတာ့ အားလုံးညားၾကပါေစကြယ္” လို႕ ဆိုကာ သူမရဲ႕ ခံစားခ်က္ေလးေတြကို ရင္ဖြင့္ကာ လူမႈကြန္ယက္စာမ်က္နွာေပၚမွာ တင္လာခဲ့တာပဲျဖစ္ပါတယ္။

 

CeleConnections ပရိသတ္ေတြအတြက္ ေဆာင္းဝတ္ရည္ေမရဲ႕ ခံစားခ်က္ေလးေတြကို ျပန္လည္ျပီးမွ်ေဝေပးလိုက္ပါတယ္။ ပရိသတ္ႀကီးကလည္း ေဆာင္းဝတ္ရည္ေမကို အားေပးခ်စ္ခင္တယ္ဆိုရင္ မွတ္ခ်က္ေလးတစ္္ခုေလာက္ေရးေပးခဲ့ၾကအုံးေနာ္။
Soure… Hsaung Wutyee May’s Facebook
Angella(CeleConnections)
ယူနီကုဒ္ျဖင့္ဖတ္ရန္

“ချစ်တဲ့သူတွေအားလုံးကို ပျော်ရွှင်စွာနဲ့ အတူတကွပေါင်းစည်းစေချင်တယ်ဆိုတဲ့ ဆောင်းဝတ်ရည်မေ”

MRTV-4 ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ ” ဝိညာဉ်ရှိုက်သံ” ဇာတ်ကားတွေသရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ဆောင်းဝတ်ရည်မေကတော့ ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် ပေါ့ပေါ့ပါးပါးနေထိုင်တတ်ပြီး ပွင့်လင်းစွာ ပြောဆိုတတ်တဲ့ အကျင့်လေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာတာပဲဖြစ်ပါတယ်။

ဆောင်းဝတ်ရည်မေကတော့ ခေတ်စားတဲ့ tik tokတွေကို အပျင်းပြေဆော့ကာ ဗီဒီယိုလေးတွေနဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ သူမရဲ့ အချစ်ရေးဟာဆိုရင် Singleဘဝနဲ့ ဖြတ်သန်းနေပေမယ့် အလွမ်းအဆွေးကပ်ပရှင်းလေးတွေကိုတော့ တင်ပေးလေ့ရှိသူတစ်ဦးပါပဲနော်။ ဆောင်းဝတ်ရည်မေက”ရိုးသားရရင်
ပျော်နေတဲ့ အတွဲတွေကို မမြင်ချင်ဘူး၊အက်ကွဲနေတဲ့ ဆက်ဆံရေးတွေလည်း ထပ်မကြားချင်ဘူး၊ချစ်ပြီးမှတော့ အားလုံးညားကြပါစေကွယ်” လို့ ဆိုကာ သူမရဲ့ ခံစားချက်လေးတွေကို ရင်ဖွင့်ကာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

CeleConnections ပရိသတ်တွေအတွက် ဆောင်းဝတ်ရည်မေရဲ့ ခံစားချက်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ဆောင်းဝတ်ရည်မေကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြအုံးနော်။
Soure… Hsaung Wutyee May’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!