“ခင္ပြန္းသည္ကို ထူးျခားတဲ့ေမြးေန႔လက္ေဆာင္ေလးနဲ႕ ေမြးေန႕ဆုမြန္ေကာင္းေတာင္းေပးလိုက္တဲ့ စႏၵီျမင့္လြင္ “

CeleConnections ပရိသတ္ႀကီးေရ စႏၵီျမင့္လြင္ကေတာ့ မင္းသမီးတစ္ေယာက္အျဖစ္သာမဟုတ္ဘဲ ဂီတေရစီးေၾကာင္းမွာပါ ေအာင္ျမင္တဲ့ အမ်ိဳးသမီး Rapper အဆိုေတာ္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူမဟာ အႏုပညာမ်ိဳး႐ိုးရွိသူတစ္ေယာက္ျဖစ္ၿပီး ႏိုင္ငံေက်ာ္မင္းသမီးေတြျဖစ္တဲ့ စိုးျမတ္သူဇာ ၊ စိုးျမတ္နႏၵာ ၊ စိုးျပည့္သဇင္တို႔နဲ႔ အမ်ိဳးေတာ္စပ္သူတစ္ေယာက္ပါပဲေနာ္။

 

 

 

စႏၵီျမင့္လြင္ကေတာ့ အႏုပညာမ်ိဳး႐ိုးက ဆင္းသက္လာသူတစ္ေယာက္ျဖစ္ၿပီး အႏုပညာအလုပ္ကို ျမတ္ႏိုး႐ူးသြပ္စြာ လုပ္ေဆာင္တတ္တာေၾကာင့္လည္း ပရိသတ္ေတြရဲ႕ အားေပးဝန္းရံမႈကို တခဲနက္ရရွိေနတာပါ။ သူမ သီဆိုတဲ့ rap သီခ်င္းေတြကလည္း လူငယ္ပရိသတ္ေတြရဲ႕ သည္းသည္းလႈပ္ အားေပးမႈကို ရရွိထားသူပဲ ျဖစ္ပါတယ္။စႏၵီျမင့္လြင္ဟာ ဂီတေလာကမွာ ဒိတ္ဒိတ္ႀကဲေအာင္ျမင္ေက်ာ္ၾကားသူျဖစ္တဲ့အျပင္ ေပ်ာ္႐ႊင္သာယာတဲ့ မိသားစုကမာၻေလးကိုလည္း ပိုင္ဆိုင္ထားသူတစ္ေယာက္ ျဖစ္ပါတယ္။

 

ဒီေန႔က်ေရာက္တဲ့ ဧၿပီလ (၂၈) ရက္ေန႔ကေတာ့ စႏၵီျမင့္လြင္ခင္ပြန္းရဲ႕ ေမြးေန႔ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္။ ” Happy birthday ကေလးအေဖ ေမြးေန႔မွစေန႔ေပါင္းမ်ားစြာက်န္းမာေပ်ာ္႐ႊင္ပိုက္ပိုက္အမ်ားႀကီးရွာႏိုင္ပါေစမိန္းမနဲ႔သမီးေလးအတြက္ပိုလဲခ်စ္ႏိုင္ပါေစ ေမြးေန႔လက္ေဆာင္ ကေတာ့သားအမိႏွစ္ေယာက္ပဲ” ဆိုတဲ့ စာေလးနဲ႕ ဆုမြန္ေကာင္းေတာင္းေပးခဲ့တာပဲ ျဖစ္ပါတယ္။ CeleConnections ပရိသတ္ႀကီးလည္း စႏၵီျမင့္လြင္ခင္ပြန္းရဲ႕ ေမြးေန႔ရက္ျမတ္ေလးအတြက္ ဆုမြန္ေကာင္းေတာင္းေပးခဲ့ပါဦးေနာ္။

 

 

 

Source – Sandy Myint lwin
Candy -CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

“ခင်ပွန်းသည်ကို ထူးခြားတဲ့မွေးနေ့လက်ဆောင်လေးနဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ စန္ဒီမြင့်လွင် ”

CeleConnections ပရိသတ်ကြီးရေ စန္ဒီမြင့်လွင်ကတော့ မင်းသမီးတစ်ယောက်အဖြစ်သာမဟုတ်ဘဲ ဂီတရေစီးကြောင်းမှာပါ အောင်မြင်တဲ့ အမျိုးသမီး Rapper အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာမျိုးရိုးရှိသူတစ်ယောက်ဖြစ်ပြီး နိုင်ငံကျော်မင်းသမီးတွေဖြစ်တဲ့ စိုးမြတ်သူဇာ ၊ စိုးမြတ်နန္ဒာ ၊ စိုးပြည့်သဇင်တို့နဲ့ အမျိုးတော်စပ်သူတစ်ယောက်ပါပဲနော်။

စန္ဒီမြင့်လွင်ကတော့ အနုပညာမျိုးရိုးက ဆင်းသက်လာသူတစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်ကို မြတ်နိုးရူးသွပ်စွာ လုပ်ဆောင်တတ်တာကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို တခဲနက်ရရှိနေတာပါ။ သူမ သီဆိုတဲ့ rap သီချင်းတွေကလည်း လူငယ်ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးမှုကို ရရှိထားသူပဲ ဖြစ်ပါတယ်။စန္ဒီမြင့်လွင်ဟာ ဂီတလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်ကျော်ကြားသူဖြစ်တဲ့အပြင် ပျော်ရွှင်သာယာတဲ့ မိသားစုကမ္ဘာလေးကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ဧပြီလ (၂၈) ရက်နေ့ကတော့ စန္ဒီမြင့်လွင်ခင်ပွန်းရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ” Happy birthday ကလေးအဖေ မွေးနေ့မှစနေ့ပေါင်းများစွာကျန်းမာပျော်ရွှင်ပိုက်ပိုက်အများကြီးရှာနိုင်ပါစေမိန်းမနဲ့သမီးလေးအတွက်ပိုလဲချစ်နိုင်ပါစေ မွေးနေ့လက်ဆောင် ကတော့သားအမိနှစ်ယောက်ပဲ” ဆိုတဲ့ စာလေးနဲ့ ဆုမွန်ကောင်းတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း စန္ဒီမြင့်လွင်ခင်ပွန်းရဲ့ မွေးနေ့ရက်မြတ်လေးအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်။

Source – Sandy Myint lwin
Candy -CeleConnections

error: Alert: Content is protected !!