

 


 

 


 

 

Source : ဝတ်ရည်မိုး
ယူနီကုတ်ဖြင့်ဖတ်ရန်

” Quarantine ဝင်ဖို့လာရောက်ခေါ်ဆောင်ခံရ သူတွေကို ဓာတ်ပုံတွေဝိုင်းရိုက် ကြတဲ့အပေါ် သူမအမြင်ကို ပြောပြလာတဲ့ ပိုပို ”

အဆိုတော်သရုပ်ဆောင်ပိုပို ဟာမိဘတွေမရှိတော့ဘဲ ကိုယ်တိုင်တစ်ဦးတည်း ရပ်တည်လာနိုင်သူတစ်ဦးလည်းဖြစ်ပြီးပြည်သူချစ်အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ပရိတ်သတ်အခိုင်အမာရရှိထားတဲ့အပြင်သူမသီချင်းတော်တော်များများကို ကလေးလူကြီးမရွေးနှစ်သက်သဘောကျကြတာပဲဖြစ်ပါတယ်။ပိုပိုကတော့ပရဟိတအလှူအတန်းတွေခ
ဏခဏပြုလုပ်တတ်သူလေးတစ်ဦးပါ။

ပိုပိုဟာ လက်ရှိဖြစ်ပွားနေတဲ့Covid 19နဲ့ပတ်သက်ပြီး ပရိသတ်တွေကိုသတိပေးစကားနဲ့ဆောင်ရန်ရှောင်ရန်တွေကိုဝေမျှပေးနေတဲ့အနုပညာရှင်တစ်ဦးပါပဲနော်။ဒါ့အပြင် Covid 19နဲ့ပတ်သက်ပြီး သူမတတ်စွမ်းသမျှ အလှူတွေဆက်တိုက်လှူဒါန်းနေသူလေးလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ Covid19နဲ့ပတ်သက်ပြီး ရေဂါဖြစ်ပွားသူ ၁၄၆ဦးအထိရှိလာတာဖြစ်ပြီး ရောဂါဖြစ်သူ များကို လာရောက်ခေါ်ဆောင်တဲ့အခါ ဓာတ်ပုံတွေဝိုင်းရိုက်ကြတာနဲ့ပတ်သက်ပြီး “Q ဝင်တာရှက်စရာမဟုတ်ပါ အဲ့လို ဓါတ်ပုံတွေ လိုက်ရိုက်တာက ရှက်စရာပါ မလုပ်သင့်ပါ “ဆိုတဲ့စာလေးနဲ့သူမအမြင်ကိုဝေမျှလာတာပဲ ဖြစ်ပါတယ်။CeleConnectionsပရိသတ်ကြီးလည်း ပိုပို
နဲ့အတွေးချင်းတူရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : ဝတ်ရည်မိုး
Candy -CeleConnections

error: Alert: Content is protected !!