Ah Boy နဲ့ သူမရဲ့ ပထမဆံုးဖူးစာဆံုခဲ့တဲ့ အခ်စ္ဇာတ္လမ္းေလးအေၾကာင္းကို ဖြင့္ထုတ္ျပလာတဲ့ ျမတ္ရတနာေက်ာ္

အဆိုေတာ္ Ah Boy နဲ့ ျမတ္ရတနာေက်ာ္တို့ကေတာ့ အသက္အရြယ္ကြာျခားမႈရိွေပမယ့္ နားလည္မႈအျပည့္နဲ့ ခ်စ္ျခင္းေမတၱာေတြ လႊမ္းျခံုေနတဲ့ အိမ္ေထာင္ေရးေလးကို တည္ေဆာက္ထားၾကတာ ျဖစ္ပါတယ္။ Ah Boy နဲ့ ျမတ္ရတနာေက်ာ္တို့ရဲ့ မိသားစုေလးကို ပရိသတ္ေတြကလည္း ခ်စ္ခင္စြာနဲ့ အားေပးၾကျပီး သူတို့မိသားစုအေၾကာင္းေလးကို ဂရုတစိုက္ရိွၾကတာပဲ ျဖစ္ပါတယ္။ ဒီေန့မွာေတာ့ ျမတ္ရတနာေက်ာ္က သူမတို့ ဇနီးေမာင္နွံနွစ္ေယာက္ ဖူးစာဆံုခဲ့ၾကပံုကို ေျပာျပလာတာကို ေတြ့ရပါတယ္။

 

 

“သင္တို႔ေရာ ဖူးစာရွင္နဲ႔ ေတြ႕ၿပီးၿပီလား❤️ ? ဖူးစာရွင္အစစ္နဲ႔ ပထမဆုံး message က ဘာတဲ့လဲ ❤️? တင္စရာ ပုံ ေတြ မရွိေတာ့လို႔ Ko Ah Boy လာၾကဴစဥ္ အခါ က စာေလးေတြ ျပန္လည္ ရွာေဖြ တင္ဆက္လိုက္ပါတယ္။ ေယာ္ေဘာ ဆားရားငဲေရာ္ေနာ္ ❤️ ခ်ာဂီးရားရဲ႕ အိုပါးေတြကိုလည္း ခ်စ္ေပးရမယ္ေနာ္ ေယာ္ေဘာ” ဆိုျပီး သူမတို့နွစ္ေယာက္ရဲ့ အခ်စ္ဇာတ္လမ္းေလးကို ပရိသတ္ေတြအတြက္ မွ်ေဝေပးထားပါတယ္။

 

 

Ah Boy ကေတာ့ ျမတ္ရတနာေက်ာ္ကို လႊမ္းပိုင္ရဲ့ တစ္ခါကတကၠသိုလ္ သီခ်င္း MV ကေန သတိထားျပီး သေဘာက်မိသြားတာ ျဖစ္တယ္လို့ သိရပါတယ္။ ခ်စ္သူေတြျဖစ္ျပီးေနာက္ပိုင္းမွာလည္း ျမတ္ရတနာေက်ာ္ရဲ့ စကားကို နားေထာင္ျပီး အခုခ်ိန္ထိတိုင္ အလုိလုိက္လြန္းတဲ့ Ah Boy ကေတာ့ တကယ့္ကို ခ်စ္တတ္သူၾကီးတစ္ေယာက္ပါပဲေနာ္။

 

 

Source: Myat Yadanar Kyaw’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Ah Boy နဲ့ သူမရဲ့ ပထမဆုံးဖူးစာဆုံခဲ့တဲ့ အချစ်ဇာတ်လမ်းလေးအကြောင်းကို ဖွင့်ထုတ်ပြလာတဲ့ မြတ်ရတနာကျော်

အဆိုတော် Ah Boy နဲ့ မြတ်ရတနာကျော်တို့ကတော့ အသက်အရွယ်ကွာခြားမှုရှိပေမယ့် နားလည်မှုအပြည့်နဲ့ ချစ်ခြင်းမေတ္တာတွေ လွှမ်းခြုံနေတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ Ah Boy နဲ့ မြတ်ရတနာကျော်တို့ရဲ့ မိသားစုလေးကို ပရိသတ်တွေကလည်း ချစ်ခင်စွာနဲ့ အားပေးကြပြီး သူတို့မိသားစုအကြောင်းလေးကို ဂရုတစိုက်ရှိကြတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မြတ်ရတနာကျော်က သူမတို့ ဇနီးမောင်နှံနှစ်ယောက် ဖူးစာဆုံခဲ့ကြပုံကို ပြောပြလာတာကို တွေ့ရပါတယ်။

“သင်တို့ရော ဖူးစာရှင်နဲ့ တွေ့ပြီးပြီလား❤️ ? ဖူးစာရှင်အစစ်နဲ့ ပထမဆုံး message က ဘာတဲ့လဲ ❤️? တင်စရာ ပုံ တွေ မရှိတော့လို့ Ko Ah Boy လာကြူစဉ် အခါ က စာလေးတွေ ပြန်လည် ရှာဖွေ တင်ဆက်လိုက်ပါတယ်။ ယော်ဘော ဆားရားငဲရော်နော် ❤️ ချာဂီးရားရဲ့ အိုပါးတွေကိုလည်း ချစ်ပေးရမယ်နော် ယော်ဘော” ဆိုပြီး သူမတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။

Ah Boy ကတော့ မြတ်ရတနာကျော်ကို လွှမ်းပိုင်ရဲ့ တစ်ခါကတက္ကသိုလ် သီချင်း MV ကနေ သတိထားပြီး သဘောကျမိသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ချစ်သူတွေဖြစ်ပြီးနောက်ပိုင်းမှာလည်း မြတ်ရတနာကျော်ရဲ့ စကားကို နားထောင်ပြီး အခုချိန်ထိတိုင် အလိုလိုက်လွန်းတဲ့ Ah Boy ကတော့ တကယ့်ကို ချစ်တတ်သူကြီးတစ်ယောက်ပါပဲနော်။

Source: Myat Yadanar Kyaw’s fb
Bilie – Cele Connections

error: Alert: Content is protected !!