

 

 


 


ယူနီကုတ်ဖြင့်ဖတ်ရန်

” မြန်မာပြည်ရောက်ရှိခဲ့တဲ့အချိန်အတွင်းမှာ မိသားစုလိုက်ခရီးထွက်ခဲ့တဲ့ အချိန်လေးကို ပြန်လွမ်းနေတဲ့ ယွန်းဝတီလွင်မိုး ”

CeleConnections ပရိသတ်ကြီးရေ ယွန်းဝတီလွင်မိုးကတော့ ပြည်သူ့အချစ်တော် နိုင်ငံကျော်မင်းသားကြီးလွင်မိုးရဲ့မျိုးဆက်ပဲဖြစ်ပါတယ်။အနုပညာမျိုးရိုးရှိပြီးကိုယ်ပိုင်အရည်အချင်းတွေများစွာပိုင်ဆိုင်ထားတဲ့မော်ဒယ်လ်မင်းသမီးတစ်လက်ဆိုလည်းမမှားပါဘူးနော်။ပရိသတ်တွေ၊ ချစ်ရတဲ့သူတွေက ချစ်နိုးနဲ့ ခေးလို့ ခေါ်လေ့ရှိကြပါသေးတယ်။

ခေးကတော့ (၂၀၁၈)မှာ အိမ်ထောင်ကျခဲ့ပြီး ချစ်စရာကောင်းတဲ့ သာလေးကို ပိုင်ဆိုင်ထားတဲ့အပြင် ခင်ပွန်းသည်နဲ့ အတူ နိုင်ငံခြားမှာ ပညာသင်ယူနေခဲ့တာပဲ ဖြစ်ပါတယ်။ လီလီလေးကတော့ တနေ့တခြားချစ်ဖို့ကောင်းလာတာကြောင့် ပရိသတ်တွေကတော့ အသည်းတွေယားကာ အချစ်ပိုနေတာတွေ့ရပါတယ်။ မြန်မာပြည်ရောက်ရှိခဲ့တဲ့အချိန်အတွင်းမှာ သားလေးနဲ့ အချိန်တွေအများဆုံး ကုန်ဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာပြည်ရောက်ရှိခဲ့တဲ့အချိန်အတွင်းမှာ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေလည်း လက်ခံရိုက်ကူးခဲ့တဖြစ်ပြီး မိသားစုလိုက် အပန်းဖြေခရီးတွေထွက်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သြစတေးလျကို ပြန်လည် ထွက်ခွာသွားပြီဖြစ်ပြီး လတ်တလောသူမရဲ့ Instagram မှာ မိသားစုလိုက်ခရီးထွက်ခဲ့တဲ့ ပုံရိပ်လေးကို တင်ကာ ” Missing My Family . This was the last trip before coronavirus ” ဆိုတဲ့ စာလေးနဲ့လွမ်းကြောင်း တင်လာခဲ့တာပါ။CeleConnections ပရိသတ်ကြီးလည်း ယွန်းဝတီလွင်မိုးတို့မိသားစုလေးကို ချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Yun Waddy Lwin Moe
Candy –CeleConnections

error: Alert: Content is protected !!