“ကြော်ငြာရိုက်၇င်း ရင်းနှီးခဲ့တဲ့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် အကိုအတွက် လိုအပ်သမျှ ကူညီပေးခဲ့တဲ့ဖြူဖြူထွေး”


 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ကြော်ငြာရိုက်ရင်း ရင်းနှီးခဲ့တဲ့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် အကိုအတွက် လိုအပ်သမျှ ကူညီပေးခဲ့တဲ့ဖြူဖြူထွေး”

ဖြူစင်တဲ့ စိတ်ထားပိုင်ရှင် ဆယ်လီမလေး ဖြူဖြူထွေးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို သူမရဲ့ အရှိအတိုင်း ပြောဆိုနေထိုင်တတ်တဲ့ အပြုအမူလေးတွေက သိမ်းပိုက်သွားခဲ့တာလို့ ပြောရမှာပါ..။ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဟာသဗီဒီယိုလေးတွေ ရိုက်ကူးတင်ပေးရင်း ချစ်ခင် အားပေးတဲ့ သူများလာကာ အခုဆိုရင် ဖြူဖြူထွေးဟာ ရုပ်ရှင် ကြော်ငြာတွေကိုပါ ရိုက်ကူးနေပြီဖြစ်ပါတယ်.။

လက်ရှိ ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုတွေကြောင့် အိမ်မှာပဲနေရလို့ အခက်အခဲတွေ့နေတဲ့ နေရာတွေအတွက်လည်း သူမတတ်နိုင်သလောက် လှူဒါန်းမှုတွေကို ပြုလုပ်ပေးနေပြီး ဒီနေ့ ဧပြီလ (၂၇)ရက်နေ့မှာတော့ သူမနဲ့ ရိုက်ကူးရေးတစ်ခုမှာ ရင်းနှီးခဲ့တဲ့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ဦးအတွက် လိုအပ်နေတဲ့ စားသောက်ကုန်ပစ္စည်းတွေကို သွားရောက် ပေးကာ ကူညီဖြစ်ခဲ့ပုံလေးကို “မငိုပါနဲ့ ဖြူဖြူထွေးမြင်ချင်တာ အပြုံးလေး” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် အကိုကတော့ ဖြူဖြူထွေးရဲ့ ကူညီမှုကြောင့် ဝမ်းနည်းဝမ်းသာ မျက်ရည်များကာ ကျေးဇူးစကားတွေကို ဆိုနေခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ ကူညီမှုကို သာဓုခေါ်ဆိုနိုင်အောင် ကူညီခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ    ပေးလိုက်ပါတယ်  နော်.။
Source: Phyu Phyu Htwe’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!