

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ဘေးအိမ်က ရန်ဖြစ်နေတာကို အပီအပြင်ခိုးနားထောင်နေတဲ့ သဇင်ထူးမြင့်လေးရဲ့ ဗီဒီယိုဖိုင်”

ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ခင်လှိုင်ရဲ့ သမီးချောလေး သဇင်ထူးမြင့်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ သဇင်ထူးမြင်လေးကတော့ (၂၀၁၈)ခုနှစ် အကယ်ဒမီပေးပွဲ ရွှေကြိုမှာ ပါဝင်ခဲ့ပြီး ချောမောလှပပြီး ချစ်စရာကောင်းလွန်းတဲ့ သူမကို ပရိသတ်တွေက သတိထားမိကာ အားပေးမှုတွေကို ရရှိခဲ့သူပါ..။ သဇင်ထူးမြင့်ကတော့ လက်ရှိမှာ MTV လေးတွေကိုလည်း ရိုက်ကူးကာ ကြော်ငြာလေးများကိုလည်း ရိုက်ကူးနေပြီဖြစ်ပါတယ်.။

ဖခင်ဖြစ်သူ ခင်လှိုင်ရဲ့ စကားနဲ့ အစ်ကိုဖြစ်သူတို့ရဲ့ စကားတွေကို နားထောင်ကာ အေးဆေးတည်ငြိမ်စွာ နေတတ်တဲ့ သဇင်လေးက ချစ်စရာကောင်းပြီး ရယ်ရတဲ့ Funny Tik Tok လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိသူပါ.။ဧပြီလ (၂၆)ရက်မှာတော့ သဇင်ထူးမြင့်က အိမ်မှာနေရင်း ပျင်းပျင်းနဲ့ ဆော့ထားတဲ့ Tik Tok ဗီဒီယိုလေးကို “အိမ်မှာနေရတာကြာတော့ သွားရှာပြီ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

Tik Tok လေးထဲမှာ သဇင်ထူးလေးကတော့ မျိုးစုံအောင်ကို ဆော့ကာ ပျော်ရွှင်နေတဲ့ ပုံပါပဲနော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးအတွက်လည်း ချစ်စရာကောင်းလွန်းတဲ့ သဇင်ထူးမြင့်ရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။
Source: Thazin Htoo Myint’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!