

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ဆော့စရာငှက်လိုချင်လို့ မေမေဖြစ်သူ ဆုပန်ထွာကို ချွဲနည်းပေါင်းစုံနဲ့ ချွဲကာ တောင်းဆိုနေတဲ့ Roar Roar လေးရဲ့ ဗီဒီယိုဖိုင်”

ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီး ဆုပန်ထွာကတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီူသားဖြစ်မယ် ထင်ပါတယ်နော်။ ချစ်ခင်ကြင်နာတဲ့ ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားလေး Roar Roar လေးနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။ ဆုပန်ထွာကတော့ အမြဲပျော်ရွှင်စွာ နေထိုင်နေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ။

ဆုပန်ထွာကတော့ တစ်နေ့တစ်ခြား ချစ်ဖို့ကောင်းပြီး လည်လာတဲ့ သားဖြစ်သူရဲ့ ပုံရိပ်နဲ့ ဗီဒီယိုဖိုင်လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ကာ ချစ်မဝဖြစ်နေသူလို့ ဆိုရမှာပါ.။ ဧပြီလ (၂၆)ရက်နေ့မှာတော့ ဆုပန်ထွာက ဖေဖေမရှိတုန်း သူမကို မျက်နှာချိုလေးသွေးကာ တောင်းဆိုနေတဲ့ သားဖြစ်သူ Roar Roar လေးရဲ့ဗီဒီယိုဖိုင်လေးကို “”ဌက်ကလေးနဲ့အပြိုင်ဆော့ချင်တာတဲ့” ဖေဖေမသိအောင်ဌက်ခေါ်ပေးရဦးမတဲ့” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

လိုချင်တဲ့ ငှက်လေးရအောင် မေမေဆုပန်ထွာကို ပြောနည်းပေါင်းစုံနဲ့ ပြောကာ ချွဲရင်း ပြောနေတဲ့ Roar Roar လေးကတော့ ချစ်ဖို့ကောင်းလွန်းပါတယ်နော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးအတွက်လည်း ချစ်ဖို့ကောင်းလွန်းတဲ့ ဆုပန်ထွာသားလေး Roar Roar ရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ  ပေးလိုက်ပါတယ်နော်.။
Source: Supan Htwar’s Facebook

Sakura(Cele Conenctions)

error: Alert: Content is protected !!