

 


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

” အသက်(၁၈)နှစ်တုန်းက ငယ်ဘဝအမှတ်တရလေးကို ချပြလာတဲ့စန္ဒီမြင့်လွင်”

 

CeleConnections ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင့်နဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ စန္ဒီမြင့်လွင့်ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်အောင် သရုပ်ဆောင်နိုင်ပေမယ့် သူမဝါသနာပါရာ ဂီတပိုင်းမှာပဲ အောင်မြင်အောင် ကြိုးစားရင်းအောင်မြင်ကျော်ကြားလာတဲ့ အဆိုတော်တစ်လက်ပဲဖြစ်ပါတယ်။ သူမရဲ့ သီချင်းဖြစ်တဲ့ “ခေါက်ပစ်လိုက်” သီချင်းကတော့ အခုချိန်ထိ အောင်မြင်ကျော်ကြားလာတဲ့ သီချင်းတစ်ပုဒ်ဆိုလည်း မမှားလောက်ပါဘူးနော်။

စန္ဒီမြင့်လွင့်ကတော့ အိမ်မှာနေရင်း ချစ်စရာကောင်းတဲ့ သူမရဲ့ သမီးချောလေးနဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့ tik tokဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ စန္ဒီမြင့်လွင့်က”ငယ်ငယ်တုန်းကပုံတွေပြန်တင်နေကျလို့လေ ဒါလေးက၁၈နှစ်သမီးလေးပေါ့နော်၊အဲ့နေ့လေးကိုမှတ်မိနေတယ်၊ Magazine တစ်ခုအတွက်ရိုက်ပေးခဲ့တာပါ အဲ့နေ့ကဆံပင်လေးကThe sloon က မမီရဲလက်ရာပေါ့၊မိတ်ကပ်ကိုအဲ့နေ့ကဆိုင်မှာသူလဲဆံပင်လာလုပ်တာထင်တယ်၊မိတ်ကပ်မလုပ်တက်တဲ့ပေတလူးမလေးကို မထက်ဝင့် အရမ်းကြိုက်အားကျရတဲ့အမပေါ့ သူကမနေနိုင်လို့ဝင်လိမ်းပေးသေးတယ်၊ဒီပုံလေးကိုမှတ်မိ တဲ့ သူတွေများရှိလား” လို့ဆိုကာ သူမရဲ့ငယ်ဘဝပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

CeleConnections ပရိသတ်တွေအတွက် စန္ဒီမြင့်လွင်ရဲ့ အသက်(၁၈)နှစ်ပြည့်တုန်းကပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း စန္ဒီမြင့်လွင်ရဲ့ ငယ်ဘဝအမှတ်တရပုံရိပ်လေးတွေကို မှတ်မိကြမယ်လို့လည်း ထင်ပါတယ်။
Soure…. Sandy Myint Lwin’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!