

 


 

 


 

ယူနီကုတ်ဖြင့်ဖတ်ရန်

 

” အချစ်ဖွဲ့လေညင်း​ဇာတ်လမ်းတွဲမှာ သူမရဲ့သရုပ်ဆောင်ပုံကို ပြော​ဆိုတိုက်ခိုက်နေတဲ့သူတွေအား ထိထိမိမိတုန့်ပြန်ပြောဆိုလိုက်တဲ့ သံသာမိုးသိမ့် ”

CeleConnections ပရိသတ်ကြီးရေ လတ်တလော ပရိသတ်တွေအထူးစိတ်ဝင်စားနေတဲ့ ဇာတ်လမ်းတွဲကတော့ ”အချစ်ဖွဲ​့လေညင်း” ဇာတ်လမ်းတွဲဖြစ်ပြီး လက်ရှိMRTV-4 မှာ ပြသနေတာပဲ ဖြစ်ပါတယ်။ထိုဇာတ်ကားထဲမှာတော့ ပရိသတ်တွေတခဲနက်အားပေးခဲ့တဲ့ ကျွန်မကမဟေသီဇာတ်လမ်းတွဲမှာ မိန်းမချောအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ သံသာမိုးသိမ့်ကတော့ ခေါင်းဆောင်မင်းသမီးမေပျိုဖြူအဖြစ်ပါဝင်ထားတာတွေ့မြင်ရမှာပါ။

ပရိသတ်တွေ အတွက်ထူးခြားတဲ့ ကာရိုက်တာတစ်မျိုးနဲ့ တင်ဆက်ထားပြီး ပရိသတ်တွေလတ်တလောမှာသဘောကျအားပေးနေတဲ့ဇာတ်လမ်းတွဲတစ်ခုဆိုရင်မှားနိုင်မယ်မထင်ပါဘူး။ သံသာမိုးသိမ့်ကတော့ အကောင်းဆုံးကြိုးစားထားတာဖြစ်ပေမယ့် သူမအပေါ်ဝေဖန်မှု​တွေမြင့်တက်နေတဲ့အပေါ် ပညာသားပါပါပြန်လည်ချေပပြောဆိုခဲ့တာပါ။

“ကြည့်မကောင်းဘူးလည်းပြောတယ်.. ပြီးတော့လည်းနေ့တိုင်းလည်းကြည့်တယ်.. ကိုယ်ဆိုမကြိုက်တဲ့ရုပ်ရှင် ငါးမိနစ်တောင်အချိန်မပေးဘူး… စခွီနော်.. ယူတို့က… အံ့ဩဘ”ဆိုတဲ့စာလေးနဲ့ တုန့်ပြန်ပြောဆိုခဲ့တာပါ။ CeleConnectionsပရိသတ်တွေကတော့ဆတ်ဆတ်ကြဲ မေပျိုဖြူလေးကို ချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: ThanTharMoeTheint
Candy – CeleConnections

error: Alert: Content is protected !!