

 

 


 

 


 

 

Source: Nay Chi Oo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

(၁၀)နှစ်ကျော်ငယ်တဲ့ တစ်ဦးတည်းသောညီမလေး စိမ်းလဲ့ရတနာ ပျော်သွားစေလောက်မယ့် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ နေခြည်ဦး

သရုပ်ဆောင် ၊ Beauty Blogger နေခြည်ဦးကတော့ ပွင့်ပွင့်လင်းလင်းနဲ့ သွက်လက်စွာ နေထိုင်တတ်သူဖြစ်ပြီး သူမနဲ့ ပတ်သတ်တဲ့အရာမှန်သမျှကို ပရိသတ်တွေဆီ ဖုံးကွယ်ထားခြင်းမရှိပဲ ချပြလေ့ရှိသူတစ်ယောက်ပါ။ ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ နေခြည်ဦးကို ပရိသတ်တွေကလည်း သူမရဲ့ လူမှုရေး၊ မိသားစုအရေးကိစ္စတွေကိုပါ စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေခြည်ဦးက ပရိသတ်ကြီးအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ သူမရဲ့ တစ်ဦးတည်းသောညီမလေးအတွက် မွေးနေ့ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။

ဒီကနေ့ ဧပြီလ(၂၇)ရက်နေ့ကတော့ နေခြည်ဦးနဲ့ ဆယ်နှစ်ကွာတဲ့ ညီမလေး စိမ်းလဲ့ရတနာရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ နေခြည်ဦးက ညီမလေး စိမ်းလဲ့ကို “အချစ်ဆုံး တစ်ဦးတည်းသော ညီမလေး Happy Sweet 16 ကွာ ♥️♥️♥️ ကပ်ကြီးပြီးရင် လိုချင်တာဝယ်ပေးမယ် promise ” ဆိုပြီး ညီမလေး ပျော်ရွှင်သွားရအောင် လိုချင်တာဝယ်ပေးမယ်ဆိုပြီး ကတိပေးထားပါသေးတယ်။

နေခြည်ဦးကတော့ သူမရဲ့ ညီမလေး စိမ်းလဲ့ရတနာကို အရမ်းချစ်ပြီး ပရိသတ်တွေနဲ့ ခဏခဏ မိတ်ဆက်ပေးသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နေခြည်ဦးရဲ့ တစ်ဦးတည်းသောညီမလေး စိမ်းလဲ့အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြပါဦး။

Source: Nay Chi Oo’s fb
Bilie – Cele Connections

error: Alert: Content is protected !!