

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

သူမနဲ့အပြိုင် နုပျိုလန်းဆန်းပြီးလှနေတဲ့ မေမေ့ကို ချီးမွန်းခန်းဖွင့်ပြီး ချစ်စနိုးလေးချွဲလိုက်တဲ့ ပိုးကြာဖြူခင်

ဆိုင်းမိုင်လို့ ပရိသတ်တွေသိကြတဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်က “မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုအကြီးအကျယ် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ မင်းသမီးလေးတစ်လက်ဖြစ်နေပြီဖြစ်တဲ့ ပိုးကြာဖြူခင်က အင်မတန်ကို ရိုးအေးပြီး အနေတည်ငြိမ်လွန်းတာကြောင့် သူမရဲ့ အနုပညာကိစ္စအဝဝကို သူမရဲ့ မိခင်က စီမံပေးရတာပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ရဲ့ မေမေကတော့ အရမ်းကို သွက်လက်ပြီး စကားပြောကောင်းလွန်းတာကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပိုးကြာဖြူခင်က သူမရဲ့ မေမေနဲ့ အတူတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကိုတင်ရင်း “ညီအမ ၂ ယောက် အဲ ဟုတ်ပါဘူး။ အမေနဲ့သမီး ပုံလေးတွေ ❤️” ဆိုပြီး သူမနဲ့အပြိုင် နုပျိုလွန်းတဲ့ မေမေ့ကို အမွှန်းတင်ပြီး ချစ်စနိုးလေး ချွဲလိုက်တာကို တွေ့ရပါတယ်။

ပိုးကြာဖြူခင်ပြောသလိုပဲ မေမေက သမီးလေးနဲ့အပြိုင်ကို နုပျိုနေပြီး တကယ့်ကို ညီအစ်မတွေလိုပါပဲ။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ပိုးကြာဖြူခင်တို့ သားအမိနှစ်ယောက်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Source: Poe Kyar Phyu Khin’s fb
Bilie – Cele Connections

error: Alert: Content is protected !!