

 

 


 

 


 

 

Source: Nay Toe ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

သူနဲ့ ပက်သတ်ပြီး ပရိသတ်တွေ အထင်အမြင်လွဲမှားနေနိုင်တဲ့ Page အတုများကို သတိထားဖို့ ပြောလာတဲ့ နေတိုး

ပရိသတ်တွေချစ်တဲ့ မင်းသားချောနေတိုးက ဆယ်ကျော်သက်အရွယ်တည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး အခုချိန်ထိတိုင် အောင်မြင်မှုလမ်းမပေါ်မှာ လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။ အနေအေးပြီး တည်ငြိမ်လွန်းတဲ့ နေတိုးကို ပရိသတ်တွေကလည်း ချစ်ကြသလို လုပ်ဖော်ကိုင်ဖက် အနုပညာမောင်နှမများကလည်း ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အားပေးသူပရိသတ်အခိုင်အမာရရှိထားတဲ့ နေတိုးက ဒီနေ့မှာတော့ သူနဲ့ ပက်သတ်ပြီး ပရိသတ်တွေ အထင်အမြင်လွဲစေနိုင်တာတစ်ခုကို သတိပေးလာပါတယ်။

“ယခုလို page အတုတွေကနေ ယခုကဲ့သို့မဟုတ်မမှန်သော post များကိုပရိသတ်များသတိထားကြရန် နှင့် ထိုသို့ page အတုများတွေ့ရှိပါက report လုပ်ပေးစေလိုပါတယ် ခင်ဗျာ။ ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။ နေတိုး” ဆိုပြီး သူ့ရဲ့ ပရိသတ်တွေကို သတိပေး ပြောကြားထားပါတယ်။

နေတိုးကတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပီပီ သူ့နာမည်ကို အလွဲသုံးစားလုပ်ပြီး ဖန်တီးထားတဲ့ Page များစွာကို ကြုံနေရစမြဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နေတိုး ကိုယ်တိုင်သုံးတဲ့ Blue Mark နဲ့ Page တစ်ခုတည်းကိုသာ အားပေးကြပါနော်။

Source: Nay Toe ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!